
နေပြည်တော် အောက်တိုဘာ ၈
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း များ မပျောက်ပျက်အောင် ထိန်း သိမ်းစောင့်ရှောက်သည့် နိုင်ငံ တော်အဆင့် စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲ အခမ်းအနားဖြစ်သဖြင့် ကျင်းပ စဉ်ကာလအတွင်း တည်ငြိမ် ပြည့်ဝသော လျှပ်စစ်ဓာတ်အား များ လုံလောက်စွာ စဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်း များကို အထူးတာဝန်တစ်ရပ်အနေ ဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြ ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင် ဇေယျက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပြိုင်ပွဲ ကျင်းပပြုလုပ်မည့် နေရာများနှင့် ပြိုင်ပွဲဝင်များ တည်းခိုရာနေရာ များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည့် ဓာတ်အားခွဲရုံများ သို့ ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စစ်ဆေးစဉ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နေပြည်တော် အင်ဂျင်နီယာချုပ် ဦးမိုးသက်၊ ဒုတိယအင်ဂျင်နီယာ ချုပ် ဦးဇော်မင်းထွန်းနှင့် တာဝန် ရှိသူများက လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိ မှုကို ဝန်အားများဖြင့် စမ်းသပ် တင်ပြကြပြီး ဦးဆောင်ညွှန်ကြား ရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ကြီးကြပ်သူများသည် အဖွဲ့ အားလုံးအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင် များမှလည်း လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားရန်၊ ဓာတ်အား လိုင်းအပြောင်းအလဲရှိပါက အမြန် ဆုံးချိတ်ဆက်ဆောင်ရွက်ရန်၊ Full Load ဖြင့် စမ်းသပ်သုံးစွဲရန်၊ UPS များ၊ Battery Bank များ၊ Tran-sformerနှင့် Switchgear Control Panelများ၊ အရန်ဓာတ်အားလိုင်း များနှင့် ဒီဇယ်မီးစက်များအား ကြံ့ခိုင်မှု ကောင်းမွန်စေရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ် အားဖြန့်ဖြူးမည့် နေရာများအား အမြဲမပြတ်စစ်ဆေးရန်၊ အရန် ပစ္စည်းကိရိယာများအား အမြဲ အသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ်ဝတ်စုံများ ဝတ် ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား လိုက်နာလျက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံရေး အသိ၊ သတိ ဖြင့် ဆောင်ရွက်သွားကြရန်၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်