
နေပြည်တော် အောက်တိုဘာ ၇
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၁၄ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၅၅၄၀၆ ဦး၊ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ် ငါးမြို့နယ်၌ ဒေသခံ ပြည်သူ ၁၀၄၈ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခု တို့၌ ဒေသခံပြည်သူ ၃၀၄၂ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ပူတာအိုမြို့နှင့် မိုးညှင်းမြို့၊ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့၊ ထားဝယ်မြို့နှင့် ကော့သောင်းမြို့၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် အပါ အဝင် မြို့နယ် ငါးမြို့နယ်တို့ရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် နယ်မြေခံ တပ်မတော်သားများက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာ ပေးဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း များတပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်း များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းသည်။
သတင်းစဉ်