
နေပြည်တော် အောက်တိုဘာ ၇
အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်း ခွင်ပြင်ပ မတော်တဆထိခိုက် ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်များ နှင့် လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာရမှုအတွက် အမြဲတမ်း မသန်စွမ်းမှု ငွေလုံးငွေရင်း ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် လူမှု ဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင် စုနယ်မြေ လူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင် မောင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးဥပဒေပါ အကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြား ရေးမှူးက လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော လုပ်ငန်းခွင်ပြင်ပတွင် မတော် တဆ ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးသူသုံးဦးအတွက် ကျန်ရစ် သူ အကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၁၉၁၄၀၀၀၀ နှင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် တစ်ဦးအတွက် ငွေကျပ် ၉၅၂၅၆၀ တို့ကို သက်ဆိုင်ရာ မိသားစုဝင် များနှင့် ထိခိုက်သူ အာမခံအလုပ် သမားအား ပေးအပ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် လူမှု ဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အာမခံအလုပ်သမား ဦးချမ်းမြေ့ဦး ၏ ချောက်မြို့တွင် တာဝန်ထမ်း ဆောင်စဉ် လုပ်ငန်းခွင်သို့အလာ မိုလာချောင်းရေကျော်၌ ရေစီးနှင့် အတူ မျောပါ၍ သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြု ငွေကျပ် ၆၄၈၀၀၀၀ ကိုလည်း ကောင်း၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အာမခံ အလုပ်သမား ဦးမင်းပြည့်စုံ၏ လုပ်ငန်းခွင်အတွင်း မတော်တဆ သေနတ်မှန်၍ သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြု ငွေကျပ် ၃၉၆၀၀၀၀ ကိုလည်း ကောင်း၊ ရန်ကုန်မြို့ ကျောက် တံတားမြို့နယ် လူမှုဖူလုံရေးရုံး တွင် အကျုံးဝင်မှတ်ပုံတင်ထား သော First Energy Services Co;Ltd မှ အာမခံအလုပ်သမား ဦးရန်နောင်စိုး၏ လုပ်ငန်းခွင်မှ အပြန် ဆိုင်ကယ်မတော်တဆ မှုကြောင့် ထိခိုက်သေဆုံးခဲ့မှု အတွက် ကျန်ရစ်သူအကျိုးခံစား ခွင့် ခွင့်ပြုငွေကျပ် ၈၇၀၀၀၀၀ ကိုလည်းကောင်း၊ ဒက္ခိဏသီရိ မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့မီးရထားစက်ခေါင်းစက်ရုံမှ အာမခံအလုပ်သမား ဦးအေးဝင်း ၏ လုပ်ငန်းခွင်အတွင်း မတော် တဆထိခိုက်၍ ညာဘက်လက် ပျက်စီးမှုအတွက် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် ၉၅၂၅၆၀ကို သက်ဆိုင်ရာ မိသားစု ဝင်များနှင့် ထိခိုက်သူအာမခံ အလုပ်သမားအား ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)