
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၅
အမျိုးသားမြေအသုံးချမှုကောင်စီ တတိယ အကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားမြေ အသုံးချမှုကောင်စီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာ သီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်း ဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးရွှေလေး၊ နေပြည် တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသား မြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားမြေ အသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြော ကြားရာတွင် ယနေ့အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ် ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူ များကို အကောင်အထည်ဖော် ဆောင် ရွက်ရေး၊ မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင် သော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းခဲ့သည့် “အမျိုး သားမြေအသုံးချမှုကောင်စီ” ၏ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ယခင် ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ကောင်စီ၏ လုပ်ငန်း တာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက် လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်
အရှေ့တောင်အာရှဒေသအတွင်း
ဒုတိယအကျယ်ဆုံးဖြစ်
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၂၆၁၂၂၈ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အရှေ့တောင်အာရှဒေသအတွင်း ဧရိယာ အကျယ်အဝန်း ဒုတိယအကျယ်ဆုံးဖြစ် ကြောင်း၊ မြေသယံဇာတနှင့် ရေသယံ ဇာတ အရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့် ရာသီဥတု အခြေအနေနှင့် ပြည့်စုံသည့်နိုင်ငံဖြစ် ကြောင်း။
မြေသယံဇာတ အရင်းအမြစ်များ သည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ် လိုအပ် သည့် အခြေခံအကျဆုံး သဘာဝသယံ ဇာတ အရင်းအမြစ်များ ဖြစ်သော်လည်း အခြားသယံဇာတ အရင်းအမြစ်များနှင့် မတူသည့်အချက်မှာ တိုးပွားအောင် လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များ ဖြစ်သည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့ လူဦးရေတိုးပွားလာမှုနှင့် မြေဆီလွှာ ယိုယွင်းပျက်စီးမှုတို့ကြောင့် ၂၀၂၀ ပြည့် နှစ်တွင် လူတစ်ဦး စိုက်ပျိုးလုပ်ကိုင်နိုင် သည့် မြေဧရိယာ ၀ ဒသမ ၁၈ ဟက်တာ ခန့်သာရှိကြောင်း၊ အဆိုပါအခြေအနေကို ၁၉၆၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက် ခန့် ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ် ပြီး ၂၀၅၀ ပြည့်နှစ်တွင် လက်ရှိထက် ထက်ဝက်ခန့် ထပ်မံကျဆင်းသွားမည် ဟု ခန့်မှန်းထားကြောင်း။
မြေသယံဇာတ အရင်းအမြစ်များသည်
လူသားများအတွက် အခြေခံအကျဆုံး
အရင်းအမြစ်များဖြစ်
မြေသယံဇာတ အရင်းအမြစ်များ သည် လူသားများအတွက် အခြေခံ အကျဆုံး သဘာဝသယံဇာတ အရင်း အမြစ်များဖြစ်ပြီး စားနပ်ရိက္ခာ၊ သန့်ရှင်း သောရေနှင့် ဇီဝမျိုးစုံမျိုးကွဲများ အပါ အဝင် အခြားဂေဟစနစ်ဝန်ဆောင်မှုများ ကို မြေသယံဇာတ အရင်းအမြစ်များက ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း၊ မြေသယံဇာတ အရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်များဖြစ် သော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ် စေသည့် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ် လွှတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ကြောင်း။
Intergovernmental Panel on Climate Change - IPCC အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေ အသုံးချမှု ပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော ၂၀၀၈ ခုနှစ် သမိုင်းဝင် နာဂစ်မုန်တိုင်းအပြင် နိုင်ငံ တကာ အသိုင်းအဝိုင်းများ၌ နေ့စဉ်နှင့် နီးပါးအမျှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံအနှံ့အပြား ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန် လွန်ကဲမှုနှင့် အအေးလှိုင်း ဖြတ်သန်းခံရ ခြင်း အစရှိသည့် ပြင်းထန်သော မိုးလေ ဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွား ပျက်စီး ဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့ လတ္တံ့ဖြစ်ကြောင်း၊ ယခုကဲ့သို့သော သဘာဝလွန် ဘေးအန္တရာယ်များကြောင့် မိမိတို့နိုင်ငံသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက် တတိယအဆင့်တွင် ရပ်တည်နေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံ၌ ရာသီဥတုပြောင်းလဲမှု လျှော့ချ နိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေ ရေးအတွက် မြေသယံဇာတအရင်းအမြစ် များကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်ကြောင်း။
ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး
ရေရှည်တည်တံ့အောင်အသုံးပြု
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံက Agenda 2030 ဖြစ်သည့် ဖွံ့ဖြိုးမှုစီမံချက်ကို သဘောတူညီ လက်ခံ ခဲ့ကြောင်း၊ အဆိုပါ Agenda 2030 တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက် (၁၇) ခု ပါဝင်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွှယ်နေပြီး ရည်မှန်းချက် အမှတ်စဉ် ၁၅ သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့ အောင်အသုံးပြုရေး၊ သစ်တောများ ရေရှည် တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရ ဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာ ပြုန်းတီးယိုယွင်းပျက်စီးမှု ရပ်တန့်စေ ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေးတို့ဖြစ်ပြီး မြေယာစီမံခန့်ခွဲ မှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှု စီမံကိန်း (၂၀၁၈-၂၀၃၀ ခုနှစ်) ၏ မဟာဗျူဟာ ရည်မှန်းချက် ၅ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံး ရရှိခံစားစေရေးအတွက် မြေယာစီမံ ခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်း များ၏ ရေရှည်တည်တံ့သည့် စီမံခန့်ခွဲမှု တို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖော်ပြထားကြောင်း။
မြေယာစီမံခန့်ခွဲမှုစနစ်များ
ပေါ်ထွန်းလာစေရေးသည် အထူးလိုအပ်
ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့်လိုက်လျောညီထွေဖြစ်စေရေး၊ Agenda 2030 ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ရေရှည် တည်တံ့ပြီး စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်း လာစေရေးသည် အထူးလိုအပ်လျက် ရှိကြောင်း။
နိုင်ငံ၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ် အသုံးချနိုင် ရေးအတွက် လိုအပ်နေသည့် အမျိုးသား မြေအသုံးချမှုမူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ မူဝါဒရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကူအညီဖြင့် ရေးဆွဲ ခဲ့ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ကုလသမဂ္ဂက အတည်ပြုလက်ခံထား သည့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေး အတွက် မြေယာ၊ သားငါးနှင့် သစ်တော များ၏ လုပ်ကိုင်ခွင့် စီမံခန့်ခွဲရာတွင် လိုက်နာသင့်သည့် လမ်းညွှန်ချက်များကို ကိုးကားရေးဆွဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
အမျိုးသားမြေအသုံးချမှု မူဝါဒ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာ ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုဟု ဆိုနိုင်သော်လည်း စနစ် တကျ ကောင်းမွန်သည့် မြေယာစီမံ ခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသား မြေအသုံးချမှု မူဝါဒကို လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
အမျိုးသားမြေအသုံးချမှုကောင်စီကို
ဖွဲ့စည်းခဲ့ပြီးဖြစ်
ယခုအခါ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှု များနှင့် အခြေခံမူများကို အကောင် အထည်ဖော် ဆောင်ရွက်ရေးနှင့် မြေအသုံး ချမှု မူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေ များကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံး ချမှုကောင်စီကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၅၅/၂၀၂၁ အရ လုပ်ငန်းတာဝန် (၁၀) ရပ်ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း။
အမျိုးသားမြေအသုံးချမှု ကောင်စီ အနေဖြင့် လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အမျိုးသားမြေ ဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ အမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ မြေအသုံးချမှု စီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ စိုက်ပျိုး ရေး ဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင် အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းကော်မတီဖွဲ့စည်း ခြင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အထောက် အကူပြု လုပ်ငန်းကော်မတီနှင့် အဖွဲ့များ အကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင် ရေးအတွက် အထောက်အကူပြုလုပ်ငန်း ကော်မတီနှင့် အဖွဲ့များ၏ အတွင်းရေးမှူး များပါဝင်သော အမျိုးသားမြေအသုံးချမှု ကောင်စီ အတွင်းရေးမှူးများအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။
ရှင်းလင်းတင်ပြ
၂၀၂၂ ခုနှစ်၊ မတ် ၉ ရက်တွင် ကျင်းပ ခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုး သားမြေဥပဒေရေးဆွဲပြုစုရေး ကိစ္စရပ် နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီနှင့် သက်ဆိုင်သော ဆုံးဖြတ် ချက်များနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြေအသုံးချမှုကော်မတီများ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တာဝန်ခံများကို အဖွဲ့ဝင် များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းရန် ဆိုသည့် ဆုံးဖြတ်ချက် ရှစ်ချက် ချမှတ်ခဲ့ ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှုများကို အမျိုးသား မြေအသုံးချမှုကောင်စီ အတွင်းရေးမှူး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ခေါင်းဆောင်များက ရှင်း လင်း တင်ပြပေးကြရန်ဖြစ်ကြောင်း၊ ထို့အတူ သက်ဆိုင်ရာကောင်စီ အဖွဲ့ဝင် များအနေဖြင့် မြေအသုံးချမှုစီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်နေသည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ရှင်းလင်း တင်ပြပေးကြရန်ဖြစ်ကြောင်း။
အမျိုးသားမြေအသုံးချမှု ကောင်စီ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင် ရာအခန်းကဏ္ဍအလိုက် ကြိုးပမ်းထမ်း ဆောင်ကြရမည်ဖြစ်ကြောင်း။ သို့မှသာ မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည် ဖော်နိုင်ရေး ကောင်းမွန်သည့် မြေယာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ် လာစေရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဒုတိယအကြိမ် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ (၁) ကိုယ်စား စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာ ဗျူဟာ အကောင်အထည်ဖော် ဆောင် ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေအသုံး ချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြသည်။
ပြန်လည်သုံးသပ်ဆွေးနွေး
ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီဝင်များဖြစ်ကြသည့် ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူ များက မြေယာသုံးစွဲမှုများ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာ စီမံခန့်ခွဲရေး ဆောင်ရွက်နေမှုများ၊ အမျိုး သားမြေအသုံးချမှုကောင်စီ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နေ မှုများ၊ အမျိုးသားမြေအသုံးချမှု ဥပဒေ ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ နိုင်ငံ အမျိုးသားမြေပုံစနစ် အကောင် အထည်ဖော်ရေးနှင့် အမျိုးသားမြေအသုံး ချမှု ဥပဒေပေါ်ပေါက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု ကိစ္စရပ်များအပြင် ဝန်ကြီးဌာနအလိုက် မြေအသုံးချမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် မြေစီမံ ခန့်ခွဲ ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားမြေအသုံးချမှု ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်