
အုတ်တွင်း အောက်တိုဘာ၅
ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ သဘာဝဘေးအန္တ ရာယ် ကျရောက်လာပါက ပြည်သူများအား အသက်၊ အိုးအိမ်၊ စည်းစိမ်ပစ္စည်း များအား ပျက်စီးဆုံးရှုံးနစ်နာ မှုမရှိစေရေးအတွက် ရည် ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို အောက်တိုဘာ ၃ ရက်က မီးသတ်ဦးစီးဌာနရုံး ၌ ပြုလုပ်သည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက အမှာစကား ပြောကြားပြီး မြို့နယ် မီး သတ်ဦးစီးအရာရှိ ဦးအောင် ကျော်မြင့်က သဘာဝဘေး အန္တရာယ် ကျရောက်လာ ပါက ရှာဖွေကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရမည့် လုပ်ငန်း များကို ရှင်းလင်းပြောကြား သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၅၀ တက် ရောက်ပြီး အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၈ ရက် အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)