
မန္တလေး အောက်တိုဘာ ၅
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်း ဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ ယနေ့ မန္တလေးတိုင်းဒေသကြီးသို့ အဓိကလာရောက်ရသည့် အကြောင်းရင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အဆောက်အဦ ကိစ္စပင်ဖြစ်ကြောင်း၊ အဆိုပါအဆောက်အဦသည် လမ်းမကြီးထက် ခြောက်ပေနိမ့်လျက်ရှိသဖြင့် မိုးရာသီ တွင် ရေအမြဲဝပ်လျက်ရှိပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ရေလွှဲမြောင်းဖောက်လုပ်ပေးစေလိုကြောင်း၊ အခွင့်ကြုံစဉ် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြောကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ဌာနအသစ်ဖြစ်သကဲ့သို့ သက်တမ်းခုနစ်နှစ်မျှသာ ရှိသေးကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရုံးအဆောက်အဦများ တည်ဆောက်ပြီး ရုံးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေး၊ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများကို လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် ပြည်သူများ အေးချမ်းစွာ လာရောက်အပန်းဖြေနိုင် ရန်အတွက် စည်ကားအောင် အဆင့်မြှင့်တင်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်သည် အေးချမ်းသည့် ပြည်နယ်ဖြစ်၍ တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ” ကို ယခုဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် “Move Forward Achieve Our Goals” ပန်းတိုင် ရောက်ဖို့ ရှေ့တိုးလုပ်ဆောင်ပါဆိုသည့်အတိုင်း မိမိ တို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကြိုးစားအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးပြီး ထောက်ပံ့မှုများ ပေးအပ် လျက်ရှိကြောင်း၊ လူဦးရေနည်းပါသည့် တိုင်းရင်းသား လူမျိုးများကို ပိုမိုဂရုစိုက် အားပေးကူညီလျက်ရှိ ကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိ စေရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်းတွင် တိုင်းရင်းသား များစုပေါင်းပြီး ပွဲတော်တစ်ခုကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့တော်သာယာလှပ ရေး၊ မြို့နေလူထုစိတ်ချမ်းသာစေရေး စသည့်အချက် များနှင့်အညီ ပြည်ထောင်စုဝန်ကြီး၏ ရေမြောင်းဖောက်လုပ်ပေးစေလိုမှုကို တိုင်းဒေသကြီး အစိုးရ အနေဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည် များကို အမြန်ဆုံး ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးရုံးတွင် မိုးရာသီအတွင်း ရေလျှံမှု ဖြစ်ပွားသည့်အတွက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး သည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး နှင့် အဖွဲ့ဝင်တို့သည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ရုံးအဆောက် အဦ ရေလျှံမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ကျောက်စီ မြေထိန်းနံရံ ပြုလုပ်ခြင်း၊ အုတ်ခြံစည်းရိုး၊ အုတ်ရေ မြောင်း၊ လူကူးတံတားတပ်ဆင်ခြင်းနှင့် တံခါး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆောင်ရွက်ရမည့်လုပ်ငန်း များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်တို့သည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ တိုင်းရင်းသား ဘာသာသင် (TA/ LT) လျှောက်ထားမှုများအား တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများသည် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ ကို လိုက်နာပြီး ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ် ကြောင်း၊ ရုံးစာပေါက်ကြားမှုမရှိစေရေး တာဝန်ရှိသူ များက အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲရန် မှာကြားလို ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိသဖြင့် အထူးဂရုပြုကြရန်လိုကြောင်း၊ မီးဘေးအန္တရာယ်ကိုလည်း အထူးဂရုစိုက်ကြရန် မှာကြားလိုကြောင်း သတင်းရရှိသည်။
သတင်းစဉ်