
နေပြည်တော် အောက်တိုဘာ ၅
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အုန်းတောကျောင်းတိုက်၊ မွန်ပြည် နယ် မော်လမြိုင်မြို့နယ်ရှိ တောင် ပေါက်နှီးဘုရား ကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ အစ္ဆရိယာ ရာမကျောင်းတိုက်၊ မရမ်းကုန်း မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္က သိုလ်နှင့် အင်းစိန်မြို့နယ်ရှိ ကန်ဦး ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည် နယ် ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလဲ ကျောင်းတိုက်နှင့် သာသနာ့ ဝေပုလ္လပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်း ကောင်း၊ မကွေးတိုင်းဒေသကြီးပခုက္ကူမြို့နယ်ရှိ သီရိခေတ္တရာ ကျောင်းတိုက်နှင့် မကွေးမြို့နယ် ရှိ မြဇေယျုံကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့ နယ်ရှိ သီရိရတနာတောရမဂ္ဂင် ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ နန္ဒဝန် ဥယျာဉ်ကျောင်းတိုက်နှင့် ရှမ်း ပြည်နယ် လားရှိုးမြို့နယ်ရှိ စိတ္တ သုခကျောင်းတိုက်တို့သို့ ဆန်ကြာ ဆံများကိုလည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်