နိုင်ငံတစ်ဝန်း ကိုဗစ်- ၁၉ ကာကွယ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်

 

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေး အတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။

 

မုဒုံမြို့နယ် ဝင်းစိန်တောရအောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ နေ့စဉ်အခမဲ့ဖြန့်ဖြူးပေးလျက်ရှိ

မုဒုံ    အောက်တိုဘာ    ၅
မွန်ပြည်နယ်   မုဒုံမြို့နယ်   ဝင်းစိန်တောရ ကျောင်းဝင်းအတွင်းရှိ ရဟန်းရှင်လူပြည်သူ များ   ထည့်ဝင်လှူဒါန်းမှုဖြင့်     တည်ဆောက် ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီ ဂျင်အိုးများကို  နေ့စဉ်မပြတ်  အခမဲ့ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၊  ကမာဝက်မြို့  တိုက်နယ်ဆေးရုံ၊   လူမှု ကယ်ဆယ်ရေးအသင်း အဖွဲ့များနှင့်      အနီးပတ်ဝန်းကျင်ဒေသများရှိ  အောက်ဆီဂျင်လိုအပ်သူများထံသို့  စက်တင်ဘာ လအတွင်း လီတာ ၄၀ ဆံ့အိုး ကိုယ်ပိုင်အိုးဖြင့် လာရောက်ဖြည့်သည့်သူများနှင့်    ပရဟိတ အသင်းများထံသို့     စက်ရုံမှငှားယူသည့်အိုး အလုံးရေ  စုစုပေါင်း ၁၃၃ အိုးကို စက်ရုံမှ ဖြည့်သွင်းပေးနိုင်ခဲ့သည်။ ယင်းအောက်ဆီဂျင် စက်ရုံမှ လစဉ်  လီတာ ၄၀    ဆံ့အိုးအလုံးရေ ၁၃၀ ခန့်ကို      လိုအပ်သူများထံသို့   ဖြည့်သွင်း ဖြန်ဖြူးပေးလျက်ရှိကြောင်း၊     စက်ရုံလည်ပတ် မှုကိုလည်းအောက်ဆီဂျင်လာရောက် ဖြည့်သွင်း မှုအပေါ်မူတည်၍   လိုအပ်သလို စက်လည်ပတ် ဖြည့်သွင်းပေးလျက်ရှိပြီး တစ်နေ့လျှင်လီတာ ၄၀ဆံ့အိုးအလုံးရေ ၁၅၀ ခန့်အထိ  ဖြည့်သွင်း ပေးနိုင်ကြောင်း စက်ရုံတာဝန်ရှိသူများထံမှ သိရသည်။                     သားငယ်(ပြန်/ဆက်)