
မုံရွာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာ များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အလုံရှိ စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားအား မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြတ်ဆရာသီချင်း” သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားပြီး ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင် များမှ ပေးပို့သည့် စုပေါင်းသဝဏ်လွှာအား တိုင်းဒေသ ကြီး ပညာရးမှူး ဦးတိုးဝင်းက ဖတ်ကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား ဆုငွေနှင့် ဆုလက်မှတ်များကို လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးတို့က ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား ဆုငွေနှင့် ဆုလက်မှတ်များကို ပေးအပ်ချီးမြှင့် ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)