ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

ရန်ကုန်    အောက်တိုဘာ    ၅


အခြေခံပညာဦးစီးဌာန  ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှကြီးမှူး၍  ၂၀၂၂  ခုနှစ် အောက်တိုဘာ ၅  ရက်တွင်  ကျရောက်သည့်  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  အခမ်းအနားကို  ယနေ့နံနက်ပိုင်းက လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ ဆရာများနေ့     အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်  လွှာကို    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ဖတ် ကြားသည်။

 


ဆက်လက်၍    ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့   (၅)   ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက  ပေးပို့ သော        စုပေါင်းသဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း   က   ဖတ်ကြား သည်။

 


ထို့နောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့ ဆရာများနေ့     အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တိုင်းဒေသကြီး ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်း လွှာနှင့်  ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြပြီး          ဆုရ ကျောင်းသား ကျောင်းသူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) တိုင်းဒေသကြီး ဝန်ကြီး ချုပ်က    တစ်ဦးလျှင်    ငွေကျပ် ငါးသောင်းစီ      ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပေးအပ်သည်။

 


ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က       ဆုရရှိသည့် ကျောင်းသား    ကျောင်းသူများ ၏  လက်ရာများကို  ပြသထားရှိ သည့်   ပြခန်းအား    လှည့်လည် ကြည့်ရှု    အားပေးကြောင်း   သိရ သည်။


ဆန်းကျော်ဦး(ပြန်/ဆက်)