အကူသူနာပြုများအနေဖြင့် ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းပြီး မိမိတို့၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လို

 

ပုသိမ်    အောက်တိုဘာ    ၅


ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ   အကူသူနာပြု(ပြင်ပ)  ကိုးလ သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်က ပုသိမ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊  ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား  သင်တန်းသူများ  တက်ရောက်ခဲ့ကြသည်။

 


သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က ကျန်းမာရေးစနစ်၏ အရေးအကြီးဆုံးထောက်တိုင် ကြီးတစ်ခုဖြစ်သည့်     အရည်အချင်းပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရေး    ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကူ သူနာပြုများသည် ပင်ကိုစိတ်ရောကိုယ်ပါဖြူစင်သူ များ၊  ယဉ်ကျေးပျူငှာသူများဖြစ်ကြပြီး   ပြည်သူကို အလုပ်အကျွေးပြုရန်    ရည်ရွယ်၍   အကူသူနာပြု ကျင့်ဝတ်များကို   လိုက်နာစောင့်ထိန်းပြီး   မိမိတို့၏ တာဝန်များကို    ကျေပွန်စွာ ထမ်းဆောင်သွားရန်လို ကြောင်း၊ အကူသူနာပြုများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးသော ဆေးပညာဆိုင်ရာပညာရပ် များ၊   လက်တွေ့ကုသမှုများကို  ကောင်းစွာမှတ်သား ပြီး  လူနာများအပေါ်  ပြုစုစောင့်ရှောက်ပေးကြရမည် ဖြစ်ကြောင်း၊     ပြည်သူကို      ဗဟိုပြုသော    ကျန်းမာရေးစနစ်ကို           အောင်မြင်အောင်      ဖော်ဆောင်နိုင်ရေး         ပါဝင်ဆောင်ရွက်ကြရမည့် အပြင်    ကိုယ်တိုင်ကလည်း     အရည်အသွေးပြည့်မီစေ ရေး၊    ပြည်သူများ   ပါဝင်လာစေရေး၊ လူမှုဆက်ဆံရေး    ကောင်းမွန်စေရေး စသည်တို့ကိုလည်း   ဆက်လက် သင်ယူလေ့ကျင့်ကြရမည်            ဖြစ်ကြောင်းနှင့်  နိုင်ငံတော်၏    လိုအပ်ချက်အတွက်   တစ်ထောင့် တစ်နေရာမှာ   ဖြည့်တင်းလုပ်ကိုင်ရင်း     ပြည်သူ တစ်ရပ်လုံးအတွက်           အလုပ်အကျွေးပြုသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးဆောင် ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြား ခဲ့ကာ        ထူးချွန်သင်တန်းသား သင်တန်းသူများကို   ဆုများနှင့်   သင်တန်းဆင်း   အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။    ယင်းနောက်    သင်တန်းသား  သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 


အဆိုပါသင်တန်းကို ဇန်နဝါရီ ၁၃ ရက်မှ ယနေ့ အထိ ကိုးလတာဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား သင်တန်းသူစုစုပေါင်း ၅၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။       
           

တိုင်းဒေသကြီး(ပြန်/ဆက်)