(၇၁)ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar 2022 ဆုရှင် ဇာလီမိုး ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်  စက်တင်ဘာ   ၄

 


၂၀၂၃ ခုနှစ်  ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံ လူဝီစီးယားနား ပြည်နယ်       နယူးအော်ရီလင်း ၌     ကျင်းပမည့်    (၇၁)    ကြိမ် မြောက်     မယ်စကြဝဠာပြိုင်ပွဲ ကြီးတွင်  မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်   Miss Universe Myanmar 2022 ဆုရှင် ဇာလီမိုး ဝင်ရောက် ယှဉ်ပြိုင်သွားမည်     ဖြစ်ကြောင်း သိရသည်။

 


 (၇၁)  ကြိမ်မြောက်  မယ်စကြ ဝဠာ ပြိုင်ပွဲကြီးအတွက် (၉)ကြိမ် မြောက်       Miss    Universe Myanmar     ဖိုင်နယ်ပြိုင်ပွဲကြီး ကို   အောက်တိုဘာ၁ရက်က    ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ   Miss   Universe Myanmar 2022 ဆုရှင်  ဇာလီမိုး ရရှိသည်။  

 


  Miss Universe Myanmar 2022 ဆုရှင်    ဇာလီမိုးသည်   ကချင်ပြည်နယ်  ဗန်းမော်မြို့ဇာတိ ဖြစ်ပြီး    ပြည်ပပြိုင်ပွဲ  ပထမဆုံး ယှဉ်ပြိုင်ခြင်းဖြစ်‌ကြောင်း    သိရ သည်။

 


အဆိုပါပြိုင်ပွဲတွင်  နိုင်ငံပေါင်း  ၈၀  ကျော်မှ    အလှမယ်များနှင့် အတူ Miss Universe Myanmar 2022  ဆုရှင်  ဇာလီမိုး   ပါဝင် ယှဉ်ပြိုင်သွားမည်      ဖြစ်ကြောင်း သိရသည်။  

                               
 သတင်းစဉ်