
မန္တလေး အောက်တိုဘာ ၄
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အောက်တို ဘာ ၃ ရက်က စဉ့်ကိုင်မြို့နယ် ကန်တွင်းကျေးရွာရှိ အထွက် ကောင်း စပါးမျိုးများစိုက်ပျိုးထုတ် လုပ်သည့်စိုက်ကွင်းနှင့် ဝါစိုက်ခင်း များသို့ သွားရောက်ကာ တောင်သူ များနှင့် ရင်းနှီးစွာ တွေ့ဆုံပြီး စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေ များကို ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်တွင်းကျေးရွာရှိ ရွာဦးကျောင်း သို့ရောက်ရှိကာ ဆရာတော်အား ဖူးမြော်၍ နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အဆိုပါကျောင်းရှိ ဓမ္မာရုံ၌ တောင်သူများနှင့် တွေ့ဆုံကာ နိုင်ငံတော်ဝန်ကြီးချုပ် က စိုက်ပျိုးရေးကဏ္ဍနှင့် တောင်သူများကို ဦးစားပေး ပံ့ပိုးကူညီပေးရန် လမ်းညွှန်မှာ ကြားထားပါကြောင်း၊ တိုင်းဒေသ ကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက် ပေးနိုင်သည်များကို ချက်ချင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံများကို အထွက် နှုန်း ကောင်းမွန်ရန်အတွက် မျိုးကောင်း မျိုးသန့်ဖြစ်ရန်၊ သွင်းအားစုများ လုံလောက်စွာရရှိ ရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုအပ်ကြောင်း၊ ဒေသ တွင်း ဝမ်းစာဖူလုံရေးအတွက် စပါးသီးနှံတစ်ဧကလျှင် သတ်မှတ် အထွက်နှုန်းထွက်ရှိရေး စံပြကွက် များဖြင့် စိုက်ပျိုးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီးမှလည်း စိုက်ပျိုးစရိတ်များ၊ သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေး လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်အောင် အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်သူများ ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေလှံ ဗိုလ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း သို့ရောက်ရှိ၍ ရှင်းလင်းဆောင် ၌ ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းနိုင်ဦးက ဒုဋ္ဌဝတီမြစ်ပေါ်ရှိ မြစ်ရေတင် လုပ်ငန်း စဉ့်ကိုင်မြို့နယ်တွင် ကိုးခု၊ အမရပူရမြို့နယ်တွင် လေးခု တည်ဆောက်ထားပြီး စိုက်ပျိုး မြေဧက ၁၂၄၀၀ တို့ကို စိုက်ပျိုး ရေပေးဝေနေမှု၊ စီမံကိန်းဧရိယာ အတွင်းရှိ စိုက်ပျိုးမြေဧက ၃၀၀၀ နှင့် စိုက်ပျိုးရေပေးဝေနေမှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲနေမှုနှင့် စီမံကိန်းဆိုင်ရာများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်း များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က စိုက်ပျိုးမြေများ ကို ရေပေးဝေရာတွင် အလေ အလွင့် မရှိစေရေး၊ မြစ်ရေတင် ရာတွင် လျှပ်စစ်မီးအား ဆိုလာ လျှပ်စစ်နှင့် တွဲသုံးနိုင်ပါက လျှပ်စစ်ဓာတ်အားခ ကုန်ကျမှု သက်သာကာ များစွာအကျိုးရှိမည် ဖြစ်ကြောင်းတို့ကို မှာကြားကြောင်း သတင်းရရှိသည်။
သတင်းစဉ်