
နေပြည်တော် အောက်တိုဘာ ၁
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ သို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန် ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ်ရှိ မဟာဇနက ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ အုတ်ကန်တောရကျောင်းတိုက်၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မ ယဉ်ငေး သာသနာ့ရိပ်သာ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပဏ္ဏိတာရုံ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ မဟာဝိစိတ္တာရုံ ပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ယန်းကုန်းကျောင်းတိုက်နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ သစ္စာဝေစည် ပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော် များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျီကုန်းမစိုးရိမ် တိုက်သစ်ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ ချမ်းသာကြီး(တောင်)ကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သာသနာ့ရံသီ ပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ပစ္ဆိမာရုံကျောင်းတိုက်နှင့် ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ရတနာဇေယျုံ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်း ကောင်း တာဝန်ရှိသူများ သွားရောက်၍ ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်