အာဆင်နယ်တို့ အိမ်ကွင်းမှာ စပါးကို ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားဆက်လက်ဦးဆောင်

 

ရန်ကုန်   အောက်တိုဘာ  ၁


ပရီမီယာလိဂ်ပွဲစဉ် (၉) ၏ အစော ဆုံးပွဲစဉ်မှ  အာဆင်နယ်နှင့် စပါး အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၁ ရက်  ညပိုင်းက အာဆင်နယ် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက  သုံးဂိုး-တစ်ဂိုးဖြင့်    အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်တွင်    အာဆင်နယ် အသင်းရော စပါးအသင်းပါ နိုင်ပွဲ ရရှိရန်  ကစားသမားအစုံအလင် ဖြင့် ပွဲထွက်လာခဲ့သည်။ 

 


ဦးဆောင်ဂိုးကို  အာဆင်နယ် အသင်းက စတင်ရရှိခဲ့ပြီး  ပွဲချိန် မိနစ် ၂၀  တွင်  ကွင်းလယ်ကစား သမားပါတေးက လှလှပပသွင်းယူ ပေးနိုင်ခဲ့သည်။     ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် စပါး အသင်း ချေပဂိုးရရှိရေး ကြိုးစား လာခဲ့ရာ   ပွဲချိန်  ၃၁  မိနစ်တွင် ပယ်နယ်တီကန်ခွင့်  ရရှိခဲ့သည်။ ဆွန်ဟောင်မင်၏  ကြိုးစားအား ထုတ်မှုမှ    အစပြုရရှိလာသည့် အဆိုပါ  ပယ်နယ်တီကို  အသင်း ခေါင်းဆောင်    ဟယ်ရီကိန်းက အမှားအယွင်းမရှိ   အဆုံးသတ် နိုင်ခဲ့သည့်အတွက်    တစ်ဖက် တစ်ဂိုးစီဖြင့်  ပြိုင်ဆိုင်မှုပြင်းထန် ခဲ့သည်။ 

 


ပွဲချိန်  ၄၉ မိနစ်တွင်  အာဆင် နယ်အသင်း    ဒုတိယဂိုးရရှိခဲ့ပြီး ဂျီးဆပ်က   သွင်းယူပေးခဲ့သည်။ ပွဲချိန် ၆၂ မိနစ် တွင်  စပါးအသင်းမှ အီမာဆန်  အနီကတ်ပြထုတ်ပယ် ခံခဲ့ရသည့်အတွက်  လက်ကျန်ပွဲ ချိန်များကို   တစ်ယောက်လျော့ ဖြင့်   ကစားခဲ့ရသည်။  ထို့နောက် တွင်      စပါးအသင်း     သိသိ သာသာ ကစားအားကျသွားခဲ့ကာ အာဆင်နယ်အသင်းက  ဂိုးအသာ၊ ခြေအသာဖြင့် ကစားနိုင်ခဲ့သည်။ အာဆင်နယ်    အသင်းအတွက် အနိုင်သေချာစေမည့်  တတိယဂိုး ကို ပွဲချိန် ၆၇ မိနစ်တွင်  ဇာကာက သွင်းယူပေးခဲ့သည်။ 

 


ယခုနိုင်ပွဲကြောင့်   အာဆင် နယ်အသင်းသည်     လိဂ်ရှစ်ပွဲ ကစားပြီး     ရမှတ်   ၂၁  မှတ်ဖြင့် အမှတ်ပေးဇယားကို     ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။  စပါးအသင်း က  ယခုနှစ်ရာသီ  ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့ခဲ့ပြီဖြစ်သည်။       

 


အခြား       ပွဲစဉ်များတွင်                        ဘုန်းမောက် နှင့် ဘရန့်ဖို့ဒ် ဂိုးမရှိ သရေကျပြီး  ချယ်ဆီးက  အဝေး ကွင်း၌ ပဲလေ့စ်ကို နှစ်ဂိုး - တစ်ဂိုး ဖြင့် အနိုင်ရသည်။ နယူးကာဆယ် က  ဖူဟမ်ကို   လေးဂိုး - တစ်ဂိုး၊ အဲဗာတန်က ဆောက်သမ်တန်ကို  နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင် ရသည်။ လီဗာပူးနှင့်  ဘရိုက်တန်တို့ပွဲမှာ သုံးဂိုးစီသရေဖြစ်ခဲ့သည်။    ဝက်စ် ဟမ်း က ဝုဖ်ကို နှစ်ဂိုး - ဂိုး မရှိဖြင့် အနိုင်ရသည်။          

အောင်ဇော်