တစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ ပေးအပ်သွားမည်

 

နေပြည်တော် အောက်တိုဘာ ၁


အပြည်ပြည်ဆိုင်ရာ   သက်ကြီး ရွယ်အိုများနေ့   ဂုဏ်ပြုအခမ်း အနားကို   ယနေ့   နံနက်ပိုင်းတွင် နေပြည်တော်ရှိ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပ ခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသည့် ဘိုးဘွားများကို ဆေး ဝါးပစ္စည်းနှင့် အလှူငွေများ  ပေး အပ်လှူဒါန်းသည်။

 


အဆိုပါ   အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှု ရေးပင်စင်ထောက်ပံ့မှု အစီအစဉ် ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ   အကောင်အထည် ဖော်  ဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ ဆိုင်ရာ ကော်မတီကို ၂၀၁၈ ခုနှစ် တွင်   ဖွဲ့စည်းနိုင်ခဲ့ပြီး   သက်ကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ     သက်ကြီး ရွယ်အိုများနေ့  အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့်    မြန်မာ တစ်နိုင်ငံလုံးအနေဖြင့်   အသက် အကြီးဆုံး   အဘိုး  တစ်ဦးနှင့် အဘွား တစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ  သက်ဆိုင်ရာ  တိုင်းဒေသ ကြီး/ ပြည်နယ်မှတစ်ဆင့် ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ကြီးက   ယခုနှစ်အတွက် ဆောင်ပုဒ်ကို  “The Resilience and Contributions of Older Women” “သက်ကြီးအမျိုးသမီး များရဲ့ စွမ်းပကား ဒို့များအလေး ထား”ဟု   သတ်မှတ်ပေးထားပါ ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အရေးကိစ္စသည် သက်ကြီးရွယ်အို များနှင့်သာ သက်ဆိုင်သည့် ကိစ္စ တစ်ခုမဟုတ်ဘဲ အသက်အရွယ် အပိုင်းအခြား အားလုံးတွင်ရှိသည့် လူအားလုံးနှင့် သက်ဆိုင်နေသည့် ကိစ္စဖြစ်ကြောင်း       ပြောကြားသည်။

 


အခမ်းအနားသို့     ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံ သက်ကြီး ရွယ်အိုများဆိုင်ရာ ကော်မတီဝင် များ၊    နေပြည်တော်ကောင်စီ နယ်မြေ   ဒေသဆိုင်ရာ  သက်ကြီး ရွယ်အိုများဆိုင်ရာ ကော်မတီဝင် များ၊ ဘိုးဘွားရိပ်သာများမှ အဘိုး အဘွားများနှင့်     ဌာနဆိုင်ရာ အသီးသီးမှ  ကိုယ်စားလှယ်များ တက်ရောက်ကြပြီး     သက်ကြီး ရွယ်အို ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို       ပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

 


လက်ရှိ     လူမှုအဖွဲ့အစည်း အတွက်   သက်ကြီးရွယ်အိုများ သည်  အကျိုးရှိနေဆဲ၊  အသုံးဝင် နေဆဲဖြစ်သည်ကို အသိအမှတ်ပြု သောအားဖြင့်  အပြည်ပြည်ဆိုင် ရာ   သက်ကြီးရွယ်အိုများနေ့ကို (၁၉၉၉) ခုနှစ်က စတင်ပြီး ယနေ့ အထိ   မပျက်မကွက်   ကျင်းပ ဂုဏ်ပြုခဲ့ကြောင်း၊    သက်ကြီး ရွယ်အိုများအပေါ်     လေးစား ကြည်ညိုတတ်သည့်       မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာကောင်း များကို    မျိုးဆက်သစ်လူငယ် များ သိရှိနားလည်တတ်စေရန်နှင့် နိုင်ငံတော်က သက်ကြီးရွယ်အိုများ အရေး  အလေးထားဆောင်ရွက် ခြင်းကို ပြည်သူများ သတိပြုမိစေ ရန်   ရည်ရွယ်ပြီး   အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယခုကဲ့သို့ ကျင်းပခြင်းဖြင့် နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုတွင် သက်ကြီးရွယ်အို များသည်လည်း   အရေးပါသော အခန်းကဏ္ဍမှ   ပါဝင်နိုင်စွမ်းရှိ ကြောင်းကို    သိရှိလာနိုင်မည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်