
နေပြည်တော် အောက်တိုဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။
ယင်းစာရင်းများထုတ်ပြန်ရာတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၏ နှစ်လယ် ဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၅၅ ဒသမ ၈) သန်းဖြစ်ပြီး အဆိုပါ နေ့ရက်တွင်ရှိသည့် တိုင်းဒေသကြီး /ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည် -
တိုင်းဒေသကြီး/ ပြည်နယ် (၁-၁၀-၂၀၂၂) ရက်နေ့ရှိ ခန့်မှန်းလူဦးရေ (သန်းပေါင်း)
ကျား မ စုစုပေါင်း
ကချင်ပြည်နယ် ၁.၀ ၁.၀ ၂.၀
ကယားပြည်နယ် ၀.၂ ၀.၁ ၀.၃
ကရင်ပြည်နယ် ၀.၈ ၀.၈ ၁.၆
ချင်းပြည်နယ် ၀.၃ ၀.၂ ၀.၅
စစ်ကိုင်းတိုင်းဒေသကြီး ၂.၇ ၃.၀ ၅.၇
တနင်္သာရီတိုင်းဒေသကြီး ၀.၈ ၀.၇ ၁.၅
ပဲခူးတိုင်းဒေသကြီး ၂.၃ ၂.၇ ၅.၀
မကွေးတိုင်းဒေသကြီး ၁.၈ ၂.၁ ၃.၉
မန္တလေးတိုင်းဒေသကြီး ၃.၂ ၃.၅ ၆.၇
မွန်ပြည်နယ် ၀.၉ ၁.၁ ၂.၀
ရခိုင်ပြည်နယ် ၁.၆ ၁.၈ ၃.၄
ရန်ကုန်တိုင်းဒေသကြီး ၄.၂ ၄.၇ ၈.၉
ရှမ်းပြည်နယ် ၃.၃ ၃.၄ ၆.၇
ဧရာဝတီတိုင်းဒေသကြီး ၃.၀ ၃.၃ ၆.၃
နေပြည်တော်ကောင်စီ ၀.၆ ၀.၇ ၁.၃
စုစုပေါင်းခန့်မှန်းလူဦးရေ ၂၆.၇ ၂၉.၁ ၅၅.၈
သတင်းစဉ်