ညောင်ရွှေမြို့၌ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

 

ညောင်ရွှေ  အောက်တိုဘာ  ၁


အပြည်ပြည်ဆိုင်ရာ   သက်ကြီး ရွယ်အိုများနေ့   အထိမ်းအမှတ် ဘိုးဘွားများအား ပူဇော်ကန်တော့ ပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းက ညောင်ရွှေမြို့ ဘုရားကြီး ကျေးရွာရှိ  မုဒိတာဘိုးဘွားရိပ်သာ ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးလှမင်း၊ လူမှုဝန်ထမ်းဦးစီးဌာန      ဦးစီး အရာရှိ ဒေါ်ဇင်မာကြည်၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ယဉ်မွန်ဦးနှင့် တာဝန်ရှိသူများက  ဘိုးဘွားများ အား ကန်တော့ကြပြီး ကန်တော့ ငွေနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများ    ပေးအပ်ခဲ့ကြောင်း သိရသည်။

            
 နေမျိုးသူရိန်