ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲများသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ ၁၁ ဦး ပါဝင်တက်ရောက်ကြမည်

 

နေပြည်တော် အောက်တိုဘာ ၁


ကလေးသူငယ်     ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အဆင့်မြင့် လေ့ကျင့်ရေး    ဆွေးနွေးပွဲနှင့် သုတေသနနှင့်      လက်တွေ့ လေ့ကျင့်ခြင်း အလုပ်ရုံဆွေးနွေး ပွဲများသို့  အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံ    မော်စကိုမြို့တွင်   ကျင်းပ မည်ဖြစ်ပြီး  အဆိုပါ   ဆွေးနွေးပွဲ များသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကလေးအထူးကု  ဆရာဝန်ကြီး  ရှစ်ဦး၊  သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး   နှစ်ဦး၊   မေ့ဆေး အထူးကုဆရာဝန်ကြီး   တစ်ဦး စုစုပေါင်း   ကိုယ်စားလှယ်   ၁၁ ဦး  ပါဝင်တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။

 


အဆိုပါ  ဆွေးနွေးပွဲများသို့ တက်ရောက်မည့် ကိုယ်စားလှယ် အဖွဲ့ကို   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ    သက်ခိုင်ဝင်းသည် ယနေ့တွင်   ကျန်းမာရေးဝန်ကြီး ဌာန      အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား   ပြောကြားသည်။

 


ပြည်ထောင်စု     ဝန်ကြီးက ရုရှား - မြန်မာနှစ်နိုင်ငံ ချစ်ကြည် ရေးအနေဖြင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်း   ဆောင်ရွက်လျက်ရှိရာ မိခင်နှင့်       မွေးကင်းစကလေး သေဆုံးမှုလျှော့ချနိုင်ရေး၊   မိခင် နှင့်   ကလေးကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် သင်တန်း များ  စေလွှတ်လျက်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ခေတ် မီဆေးပညာများအား    သင်ယူ လေ့လာ၍    မိမိနိုင်ငံအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချပေး စေလိုပါကြောင်း၊  မြန်မာနိုင်ငံရှိ ပြည်သူလူထု၏  လိုအပ်လျက်ရှိ သော ကျန်းမာရေးစောင့်ရှောက် မှုများ  နိုင်ငံတကာအဆင့်မီပေး နိုင်ရေး သက်ဆိုင်ရာဘာသာရပ် အလိုက် စွမ်းဆောင်ရည်မြှင့်တင် မှုသင်တန်းနှင့် အလုပ်ရုံဆွေးနွေး ပွဲများသို့ ထပ်မံစေလွှတ်သွားမည် ဖြစ်ပါကြောင်း၊  ဤကဲ့သို့   နိုင်ငံ တကာနှင့်  ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့်  မိတ်ကောင်းဆွေ ကောင်းများ တိုးပွားအောင်ဆောင် ရွက်ပြီး  မိမိတို့၏  သက်ဆိုင်ရာ အထူးကုဆေးပညာနယ်ပယ်များ တိုးတက်အောင်   ဆောင်ရွက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး    တိုးမြှင့် ကြစေလိုကြောင်း     ပြောကြားသည်။ 

 


ဆွေးနွေးပွဲသို့  တက်ရောက် မည့် ဆရာဝန်ကြီး ခြောက်ဦးသည် ပထမအသုတ်အနေဖြင့် အောက် တိုဘာ ၁ ရက် ညနေ  ၆ နာရီတွင် လည်းကောင်း၊     ဆရာဝန်ကြီး ငါးဦးသည် ဒုတိယအသုတ်အနေ ဖြင့် အောက်တိုဘာ  ၂ ရက် နံနက် ၁၁   နာရီခွဲတွင်  လည်းကောင်း မြန်မာနိုင်ငံမှ ရုရှားနိုင်ငံ မော်စကို မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။        
       

သတင်းစဉ်