မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်  ရန်ကုန်- နေပြည်တော်- လွိုင်ကော်- ရန်ကုန် ခရီးစဉ်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ် အမျိုးအစား ATR - 72 (600)  သည်  ခရီးသည် ၆၃ ဦး  တင်ဆောင်၍  လွိုင်ကော်လေဆိပ်သို့   ၈  နာရီ  ၄၅  မိနစ်ခန့်၌  ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းစဉ်  ကယားပြည်နယ်အတွင်းရှိ  KNPP နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများက  လက်နက်(စိစစ်ဆဲ) ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး  လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့်  ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်။

 


နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူများ ကို မကြာခဏ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေခြင်းများအား မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံစာရေးဆရာအသင်း