
နေပြည်တော် စက်တင်ဘာ ၃၀
ဒုတိယဝန်ကြီး ဦးဝင်းဖေသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာ ထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေးခရိုင်မှ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများက ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး က ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေချိန်တွင် ဝန်ထမ်း များ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ ရုံး/ ဌာနအဆောက်အဦ၊ စက်ယာဉ် ယန္တရားများလုံခြုံရေးအား အထူး ဂရုပြုရန်လိုကြောင်း၊ နိုင်ငံ့ ဝန်ထမ်းတစ်ဦးအနေဖြင့် လိုက်နာ ရမည့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြဋ္ဌာန်းချက် များကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဝန်ထမ်းများအားလုံး ပါတီနိုင်ငံ ရေး ကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို မလွဲမသွေ လိုက်နာ ကျင့်သုံးပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင်အတွင်းရှိ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ ဝန်ထမ်းရေးရာ ဆွေးနွေးတင်ပြချက်များကို ဦးစီး ဌာနအလိုက် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပြီး ဒုတိယ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်