၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၃၀


၂၀၂၃  ခုနှစ်  (၇၅)   နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပဒေသာကပွဲကျင်းပရေး ဦးစီးကော်မတီ  ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့      ဦးစီး ကော်မတီဥက္ကဋ္ဌ    ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊     ဦးစီး ကော်မတီ     ဒုတိယဥက္ကဋ္ဌ    (၁)  သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ  ဦးတင်ဦးလွင်၊  လုပ်ငန်း ကော်မတီဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊    နေပြည်တော် ကောင်စီဝင်  ဦးမြင့်စိုး၊  အမြဲတမ်း အတွင်းဝန်များ၊    ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး   မြန်မာ နိုင်ငံ    ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးဥက္ကဋ္ဌ   ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး  ဦးနေဝင်းတို့က အွန်လိုင်းမှ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   ဦးစီးကော်မတီ ဥက္ကဋ္ဌ     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက     အမှာ စကားပြောကြားရာတွင်  ယနေ့ အစည်းအဝေး၌ ပဒေသာကပွဲနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် ရက်အလိုက်   ကပြဖျော်ဖြေမည့် အစီအစဉ်များ၊  Logo၊ Theme Song တို့ကို  အတည်ပြုပေးရန် နှင့်   ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့ အစည်းများက တင်ပြထားသည့် အစီအစဉ်များကို အတည်ပြုပေး ရန် ရှိပါကြောင်း။    

 


(၇၅)   နှစ်မြောက်    စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲသည် အနှစ်သာရရှိ ပြီး တစ်သက်မှာ   တစ်ကြိမ်သာ ဖြစ်သည့်အတွက် အောင်အောင် မြင်မြင်ဖြစ်ရန်    လိုအပ်သကဲ့သို့ ပြည်သူများ၏    စိတ်ထဲတွင် လွတ်လပ်ရေး၏   အနှစ်သာရကို စွဲစွဲထင်ထင်     ကျန်ရစ်စေလိုပါ ကြောင်း၊   သမားရိုးကျ   ကပြ ဖျော်ဖြေခြင်းထက် ထူးခြားသည့် သရုပ်ဖော်မှုများဖြင့် ပြည်သူလူထု နှစ်သက်သဘောကျပြီး   ပြည်သူ ပြည်သားများအားလုံး အမျိုးသား ရေးစိတ်များ ပေါ်ထွန်းလာစေကာ နိုင်ငံ့အတွက် အကျိုးဖြစ်ထွန်းစေ မည့် စိတ်ခံစားမှုရရှိပါက ပဒေသာ ကပွဲ ကျင်းပရကျိုးနပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်  ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စု ဝန်ကြီး   ဦးကိုကိုက   ပဒေသာ ကပွဲကြီး  အောင်မြင်စွာ ကျင်းပနိုင် ရန်အတွက် မိမိတို့ဌာနက အစွမ်း ကုန်   ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကပြမည့် သဘင်အဖွဲ့များလည်း အသင့်ဖြစ် နေပြီဖြစ်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ  (၂)  နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဦးတင်ဦးလွင် က     လဟာပြင်ကဇာတ်ရုံနှင့် ပတ်သက်၍     လိုအပ်သည်များ ကို  ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍    လုပ်ငန်း ကော်မတီဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ဦးရဲတင့်က    ပဒေသာကပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု များ၊ ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များနှင့်  လိုအပ် ချက်များကို     ရှင်းလင်းတင်ပြ သည်။

 


ထို့နောက်  တက်ရောက်လာ ကြသူများက   ပဒေသာကပွဲနှင့် ပတ်သက်၍  ဆောင်ရွက်ထားရှိ မှုများ၊    လျာထားချက်များကို သက်ဆိုင်ရာ     ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်  ဦးစီးကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်း ဝန်   ဦးမျိုးမြင့်မောင်က   ယခု အစည်းအဝေး ဆုံးဖြတ်ချက်များ ကို ဆွေးနွေးတင်ပြသည်။

 


ထို့နောက်   ဦးစီးကော်မတီ ဥက္ကဋ္ဌ     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးပြီး    နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 


(၇၅)  နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို  နေပြည်တော် မြို့တော်ခန်းမ      လဟာပြင် ကဇာတ်ရုံ၌ ငါးရက်ကြာ ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း၊  နိုဝင်ဘာ   ၂၆၊  ၂၇၊  ၂၈  ရက်တို့ တွင် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ၍ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာရှင် များဖြင့် ဖျော်ဖြေတင်ဆက်ကပြ မည်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး   ညွှန်ကြားရေးမှူးရုံး အောက်ရှိ  အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကပြမည် ဖြစ် ကာ   နိုဝင်ဘာ   ၃၀  ရက်တွင် သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များ က  ဖျော်ဖြေတင်ဆက်ကပြမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်