တရုတ်နိုင်ငံ ဟိုင်နန်အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဗျူရို၌ RCEP Business Services Center ဖွင့်

 

ပေကျင်း   စက်တင်ဘာ   ၂၉


တရုတ်နိုင်ငံ၏ RCEP  Business  Services Center ဖွင့်ပွဲကို ဟိုင်နန် ပြည်နယ် ဟိုက်ခိုမြို့   ဟိုင်နန်အပြည်ပြည်ဆိုင်ရာ   စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဗျူရို ညီလာခံခန်းမ၌ စက်တင်ဘာ ၂၃ ရက်က  Virtual စနစ် ဖြင့် ကျင်းပရာ  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 


ဖွင့်ပွဲတွင်   တရုတ်နိုင်ငံ  စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Guo Chunshui က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်သည် တရုတ်-အာဆီယံ ဗဟို ဌာန RCEP အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ RCEP နိုင်ငံသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ စီးပွားရေး သံမှူးများနှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံအား RCEP အဖွဲ့ဝင်အဖြစ် ယခုနှစ်မေလတွင် တရုတ်နိုင်ငံက ပထမဆုံး အသိအမှတ် ပြုခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် RCEP မူဘောင်အောက်တွင် မြန်မာနိုင်ငံအနေဖြင့်      ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးခဲ့သည်။ 

 


RCEP Business Services Center  ကို ဟိုက်ခိုမြို့နှင့် ပေကျင်း မြို့တို့တွင် တာဝန်ရှိသူများက တစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ပြီး  အဆိုပါ စင်တာသည် RCEP နိုင်ငံများက ဟိုင်နန်ပြည်နယ်သို့ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်နိုင်ငံ၏ ပြတင်းပေါက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် RCEP နိုင်ငံ များ၏ ထုတ်ကုန်များအတွက် စျေးကွက်တစ်ခုအဖြစ် ဖန်တီးပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊