
ချောက် စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ချောက် မြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ၂၆ ရက်က ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော် က အမှာစကားပြောကြားပြီး(ယာပုံ) အမှတ် (၂)လူကုန်ကူးမှု တားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ယာယီရဲမှူး ကျော်လင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥပဒေအမှတ်(၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို လည်းကောင်း၊ ဒုတိယ ရဲမှူး သန်းနိုင်ဦးက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာ အတွင်းနေ ကလေးသူငယ်များအား လူကုန် ကူးမှု ကျူးလွန်ခံရခြင်းမရှိစေ ရေး၊ အဓမ္မလုပ်အား ခိုင်းစေ ခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မ ပြည့်တန်ဆာ ပြုခြင်းများ ဖြစ်ပွားမှု မရှိစေရေးအတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာများ၊ ရပ်ရွာအခြေပြုလူကုန် ကူးခံရသူတွင် ဘေးအန္တရာယ် ရှိနိုင်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန် ကူးမှု အမျိုးအစားများစသည့် လူကုန်ကူးမှု ဖြစ်ပွားရခြင်းနှင့် ဖြစ်ပွားစေနိုင်သည့် အကြောင်း ရင်းများကိုလည်းကောင်း အသိ ပညာပေး ဆွေးနွေးသည်။
အဆိုပါသင်တန်းကို ရပ်ရွာ အခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး အဖွဲ့ဝင်များဖြစ် သည့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုး သမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်း နွမ်ခမ်းခေါင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များ၊ သင်တန်းသား ၉၀ တက်ရောက်ပြီး သင်တန်းကို စက်တင်ဘာ ၂၆ ရက်မှ စက်တင် ဘာ ၂၈ ရက်အထိ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)