
နေပြည်တော် စက်တင်ဘာ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ထမုန်ကန်စံပြကျေးရွာ ထမုန်ကန်ကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားစားသောက်ဖွယ်ရာများ လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာ တော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသအလိုက် ထောက်ပံ့ကူညီ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်