ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး သတင်းနှင့် ပြန်ကြားရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

 

နေပြည်တော် စက်တင်ဘာ ၂၈


သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က   ဝန်ထမ်းများအား  သတင်း နည်းပညာဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားရေးစေရန်နှင့်     ဌာနမှ ဆောင်ရွက်သော      ကျေးလက် ဒေသ  ဖွံ့ဖြိုးရေးလုပ်ငန်း  ဆောင် ရွက်ချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်   သိရှိနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သော သတင်း နှင့် ပြန်ကြားရေးဆိုင်ရာသင်တန်း ဆင်းပွဲကို  အဆိုပါဝန်ကြီးဌာနရုံး၌ ယနေ့    မွန်းလွဲ    ၃    နာရီက ကျင်းပသည်။

 


သတင်းမှန်များထုတ်ပြန်နိုင်ရေး


အခမ်းအနားတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုတိယ   ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက   မိမိတို့ဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့်  ဒေသဖွံ့ဖြိုးရေး   လုပ်ငန်းများနှင့် ပတ်သက်၍        သတင်းမှန်များ ပြန်ကြားနိုင်ရေးနှင့် သတင်းတု၊ သတင်းမှားများကို   လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရေး၊    အချိန်နှင့် တစ်ပြေးညီ     ထုတ်ပြန်နိုင်ရေး အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 


သင်ကြားပို့ချ


အဆိုပါ သတင်းနှင့် ပြန်ကြား ရေးဆိုင်ရာ   သင်တန်းကို    ပြည် ထောင်စုဝန်ကြီးရုံး၊   သမဝါယမ ဦးစီးဌာန၊        အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေး လက်လမ်းဖွံ့ဖြိုးရေး    ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန(ရုံးချုပ်)နှင့်    တိုင်း ဒေသကြီး/ ပြည်နယ်   ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ      သတင်းရေးသားခြင်းကို စိတ်ပါဝင်စားသည့် သင်တန်းသား  ၂၇    ဦး    တက်ရောက်ကြပြီး သင်တန်းကို    စက်တင်ဘာ   ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ  ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။                      

 သတသ