
ညောင်ရွှေ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနသို့ မြေနေရာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကား ပြောကြားပြီး မြို့နယ်အားကစား နှင့် ကာယပညာကော်မတီ အဖွဲ့ဝင် ဦးငွေထွန်းက မြေနေရာ လွှဲပြောင်း ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်အားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင် ဦးမောင်မောင်ရွှေတို့က မြေနေရာ နှင့် ပတ်သက်သည့် စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ် ရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ကျော်သိန်းက လက်ခံရယူသည်။
အဆိုပါ မြို့နယ်အားကစား နှင့် ကာယပညာကော်မတီပိုင် ဧက ၁၀ ဒသမ ၆၅၀ မြေနေရာ သည် မြို့နယ်အတွင်း မျိုးဆက် သစ် လူငယ်အားကစားသမား များ ပေါ်ထွန်းလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ချက်ဖြင့် လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်