(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ငါးထပ်ဆောင်သစ် ဖွင့်လှစ်

 

နေပြည်တော်   စက်တင်ဘာ   ၂၈


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ငါးထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ကျန်းမာရေးဝန်ကြီး ဌာန    ဒုတိယဝန်ကြီး   ဒေါက်တာအေးထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က    အခမ်းအနားကို   ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်       ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး  မြထွန်းဦးက တိုးချဲ့ငါးထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အဆိုပါဆေးရုံရှေ့တွင် မှတ်တမ်း တင်ဓာတ်ပုံ     ရိုက်ကူးကြသည်။    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံဖွင့်ပွဲအထိမ်း အမှတ်  ကမ္ပည်းမော်ကွန်းကို   အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 


ယနေ့ဖွင့်လှစ်သည့် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ငါးထပ်ဆောင်သစ်ကို    ဆောက်လုပ်ရေး ဝန်ကြီးဌာန   အဆောက်အဦအထူးအဖွဲ့(၁၀)က တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် တွင် ၁ဝဝ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးခဲ့ကာ စုစုပေါင်း လုပ်ငန်း တန်ဖိုးမှာ ငွေကျပ် ၉၁၈၀ ဒသမ ၄၃၉ သန်း ဖြစ်သည်။  မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ငါးထပ် ဆောင်သစ်   ဖွင့်လှစ်လိုက်ခြင်းဖြင့်  မုံရွာဒေသခံ ပြည်သူများနှင့်     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု    ပိုမိုပေးနိုင်ရုံသာမက  မုံရွာမြို့ရှိ သူနာပြု/ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူ များ၊ ပြည်သူ့ဆေးရုံကြီး မုံရွာမြို့တွင် ဖွင့်လှစ်ထားရှိ သည့်   ဆေးဘက်ကျွမ်းကျင်  ဓာတ်မှန်/ဆေးစပ် သင်တန်းသားများအတွက်လည်း    သင်ကြားရေး လုပ်ငန်းများတွင်   အထောက်အကူပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉   ကပ်ရောဂါ   ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို    အရှိန်အဟုန်မပြတ်   ဆောင်ရွက် နေပြီး  ကိုဗစ်-၁၉    ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့သည့် လုပ်ငန်းများကို      ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး အပိုင်းတွင်လည်း   ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း များ တီဘီ၊ HIV၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့် ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ၊ ကာကွယ်ရေးလုပ်ငန်းများ        အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊     ပြည်သူ့ဆေးရုံများ၌  ကင်ဆာ ရောဂါကုသမှုများ  အပါအဝင်  ပုံမှန်ဆေးကုသရေး လုပ်ငန်းများ         အင်အားဖြည့်ဆောင်ရွက်နိုင်ရေး  အတွက်လုံလောက်သော ရန်ပုံငွေသုံးစွဲကာ ဆေးဝါး များ ဖြည့်ဆည်းခြင်း၊ စက်ကိရိယာများဖြည့်ဆည်း ခြင်းတို့ကို          အားဖြည့်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ဆေးရုံ များ    အဆင့်မြှင့်တင်နိုင်ရေး    ဆောင်ရွက်လျက် ရှိသည်။

 


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်       လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါ ဘယကင်းရှင်းရေး   ရည်မှန်းချက်များကို  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ   ပြည်သူ့ဆေးရုံ ပေါင်း   ၁၁၇၈  ရုံရှိသည့်အနက်  ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီး ၁၃ ရုံတွင် ပြည်သူ့ဆေးရုံကြီး မုံရွာမြို့ ပါဝင်လျက်ရှိသည်။

 


ယခုတိုးချဲ့ငါးထပ်ဆောင်တွင်   အရေးပေါ်နှင့် ပြင်ပလူနာဌာန၊   ရောဂါဗေဒဌာန၊  ဓာတ်မှန်ဌာန၊ ခွဲစိတ်ခန်းငါးခန်း၊     အထူးကြပ်မတ်ကုသဌာန၊ အစာအိမ်အူလမ်းကြောင်း     မှန်ပြောင်းကြည့်ဌာန၊ အရိုးအကြောအဆစ်   ပြန်လည်သန်စွမ်းရေးဌာန၊ ဖျားနာဆောင်၊  ကင်ဆာဆေးပညာဌာန၊   ဓာတ် လှေကားနှစ်စင်းပါဝင်သည့်    ခေတ်မီအဆောက်အဦ တစ်ခု ဖြစ်သည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့ သည်  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံကြီး        အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မုံရွာမြို့ရှိ ဆေးရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ များနှင့်   စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် သည်။ ၎င်းနောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး နှင့်   မွေးမြူရေးထုတ်ကုန်များ  တိုးမြှင့်ရေးပြပွဲနှင့် မျိုးစေ့၊   သွင်းအားစုများ  ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား   တက်ရောက်ကြည့်ရှုအားပေး သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး ရေးနှင့် မွေးမြူရေး အစည်းအဝေးခန်းမတွင် တာဝန် ရှိသူများနှင့်   တွေ့ဆုံပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊         ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက  နေကြာမျိုးစေ့များ၊   ပိုးသတ်ဆေးဘူးများ၊ Gypsum   ကျောက်မှုန့်မြေသြဇာများနှင့်  ရွက်ဖျန်း မြေသြဇာများ ထောက်ပံ့ပေးအပ်သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေသော တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အား သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ က တက်ရောက်ကုသနေသော လူနာအခြေအနေ များအား လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ထို့နောက် ဆေးရုံတက်ရောက်ကုသနေ သော  လူနာများအား   အာဟာရဖြည့်   စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိ သည်။                                            

သတင်းစဉ်