နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  စက်တင်ဘာ   ၂၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ကောင်စီ တွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးတင် ထွဋ်ဦး၊   ဦးလှမိုး၊    ဒေါက်တာ ချာလီသန်း၊   မန္တလေးတိုင်းဒေသ ကြီး  ဝန်ကြီးချုပ်   ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊  လေ)        ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊    ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိ ကြီးများ၊       အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်   မန္တလေး တိုင်းဒေသကြီး      မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့်    အထည် စက်ရုံ (မိတ္ထီလာ) သို့    သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေး     ဦးစီးချုပ်အား  စက်ရုံ      အစည်းအဝေးခန်းမ၌ စစ်လက်နက်ပစ္စည်း       ညွှန်ကြား ရေးမှူးရုံး     ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်က  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန် ချက်များအား   အကောင်အထည် ဖော်        ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံသမိုင်းအကျဉ်း၊    စက်ရုံမှ ချည်အမျိုးမျိုး   ထုတ်လုပ်နိုင်မှု အခြေအနေများ၊    ဝန်ထမ်းများ သက်သာ       ချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး   လုပ်ငန်းများ ဖြင့် ဆောင်ရွက်ပေးနေမှု၊   ၂/၈၀ ချည်များအား ပြည်တွင်း၌  ထွက်ရှိ သည့် ဝါများဖြင့်  ထုတ်လုပ်နိုင် ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိမှု နှင့်  စက်စမ်းသပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု  အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်တွင်း၌  ထွက်ရှိ သည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များ ထုတ်လုပ် နိုင်မည့်   အခြေအနေများ၊   ၂/၈၀ ချည်များအား  စက်ရုံမှ ထုတ်လုပ် နိုင်သည့်အချိန်တွင်  ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် အသေးစား၊         အငယ်စားနှင့် အလတ်စား  စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော  ချည်မျှင်နှင့် အထည်အလိပ်များကို   လိုအပ် ချက်ပြည့်မီအောင်    ထုတ်လုပ် နိုင်ရေး       ဆောင်ရွက်နိုင်မည့် အခြေအနေများ၊  စက်ရုံ၌   လက်ရှိ တပ်ဆင်        အသုံးပြုလျက်ရှိသည့် စက်များအား    အရည်အသွေး မြှင့်တင်နိုင်မည့် အခြေအနေများ နှင့် ပတ်သက်၍  တာဝန်ရှိသူများ အား       အသေးစိတ်မေးမြန်း ဆွေးနွေးပြီး     လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ 

 


ယင်းနောက်          နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်သည်  ခင်းကျင်းပြထားသော စက်ရုံမှ         ထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့်    ချည် ထည်များ၏   အရည်အသွေးများ အား ကြည့်ရှုစစ်ဆေးကာ  စက်ရုံ ဝန်ထမ်းများအတွက်   ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြောင်း   သတင်း ရရှိသည်။  

   
သတင်းစဉ်