နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏  အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ပြီး   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦး၊   ဌာနဆိုင်ရာမှ   ပြောရေးဆိုခွင့်ရှိသူများနှင့်    ဌာနဆိုင်ရာ    သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
 

 

(ယမန်နေ့မှအဆက်)


Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေး က နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေအသစ်နှင့်ပတ်သက်၍    ယခင်ဥပဒေ အတိုင်း ပြည်သူများကို မူကြမ်းအနေဖြင့်ချပြရန်အစီအစဉ်ရှိ၊ မရှိနှင့် တချို့သောနိုင်ငံရေးအင်အား စုများအနေဖြင့်လည်း ဥပဒေအသစ်ကို စောင့်ဆိုင်း နေရသည်ဖြစ်သည့်အတွက်       ကာလအားဖြင့် မည်မျှကြာမည်ကိုသိလိုကြောင်း မေးမြန်းသည်။ 

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်နှင့် နည်းဥပဒေအသစ်တို့ကို ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ယင်းကိစ္စနှင့် ပတ်သက်၍ ပြောကြားလိုသည်မှာ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများသည် ယခင်ကတည်းက ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ ယင်းတို့ကို ယခင်ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့ အကြုံများအပေါ်တွင်မူတည်၍   လည်းကောင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီးလည်းကောင်း၊  ပိုမိုပြည့်စုံကောင်းမွန်စေ ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် နိုင်ငံရေးပါတီတည်ထောင်သည့်ကိစ္စ၊ နိုင်ငံ ရေးပါတီများ အင်အားစုဖွဲ့ခြင်းနှင့် ရန်ပုံငွေစာရင်း ထားရှိသည့်ကိစ္စ၊        နိုင်ငံရေးပါတီရုံးခန်းများ တည်ထောင်သည့်ကိစ္စ၊ နိုင်ငံရေးပါတီလုပ်ငန်းများ ဆောင်ရွက်သည့်ကိစ္စများတွင်  ပိုမိုကောင်းမွန်စေ ရန်အတွက် လိုအပ်သည်များ  ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး     ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ စိစစ်မှုများဖြင့်   အဆင့်ဆင့်လုပ်ဆောင်၍ ဥပဒေပြုရေးလုပ်ငန်းစဉ်များအား ဆက်လက် စိစစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက် ၍ နိုင်ငံရေးပါတီများထံ    သီးခြားအကြံပြုချက် တောင်းခံရန်မရှိကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းစဉ် များအတိုင်း စနစ်တကျစိစစ်ပြီး   ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  ပြန်လည်ဖြေကြား သည်။

 


တဲ့ပြောမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦး က၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတကြီး ဦးသိန်းစိန် က နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် သမ္မတ ဦးထင်ကျော်က နိုင်ငံတော်သမ္မတ    တာဝန်ယူခဲ့ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော် သမ္မတသော်လည်းကောင်း၊      ဒုတိယသမ္မတ သော်လည်းကောင်း တစ်ဦးတစ်ယောက် အနားယူခဲ့ လျှင် ရက်ပေါင်း ၃၀ အတွင်း လစ်လပ်သည့်နေရာ အား ပြန်လည်ရွေးချယ်ရမည်ဟုပါရှိကြောင်း၊  ထိုသို့ ဆိုလျှင် သမ္မတနေရာအား    ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေမှ ခေတ္တတာဝန်ထမ်းဆောင်ပြီး ဒုတိယ သမ္မတ(၂)မှ     ဒုတိယသမ္မတ(၁)  နေရာအား ထမ်းဆောင်ရကြောင်း၊ ထို့ကြောင့်လစ်လပ်သွား သည်မှာ   ဒုတိယသမ္မတ(၂)နေရာဖြစ်ကြောင်း၊ အမှန်တကယ်ရွေးချယ်ရာတွင် ဒုတိယသမ္မတများ အားလုံးအထဲမှ မဲပေးသည့်စနစ်ဖြင့်   ရွေးချယ်ခဲ့ ကြောင်း၊ ဒုတိယသမ္မတ(၁)ဖြစ်သည့် ဦးမြင့်ဆွေ သည် ဒုတိယသမ္မတ (၂)ဖြစ်သွားခဲ့ပါက ပြောစရာ ဖြစ်လာနိုင်ကြောင်း၊   ထို့ကြောင့်   ယခုလာမည့် ရွေးကောက်ပွဲအပြီးတွင် ယင်းကိစ္စများနှင့် ပတ်သက် ပြီး   ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်   ရှိ/မရှိ သိလိုကြောင်းနှင့်    တိုင်းဒေသကြီးနှင့်    ပြည်နယ် များတွင် တိုင်းရင်းသားရေးရာဝန်ကြီး/  လူမျိုးစု ကိုယ်စားလှယ်များရှိကြောင်း၊    ဥပမာ  ကရင် ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် ဗမာတိုင်းရင်းသားဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး သည် ၂၀၁၈ ခုနှစ်တွင်  အကြောင်းအမျိုးမျိုးကြောင့် အနားယူနုတ်ထွက်ခဲ့ကြောင်း၊ သမ္မတနှင့် ဒုတိယ သမ္မတများအား ရက်ပေါင်း ၃၀ အတွင်း ပြန်လည် ရွေးချယ်ရမည်ဟု   အခြေခံဥပဒေတွင်   ဆိုထား ကြောင်း၊  တိုင်းရင်းသားရေးရာဝန်ကြီးများအား ပြန်လည်ရွေးချယ်ရန် ကာလ အကန့်အသတ်မရှိခြင်း ကြောင့် အဆိုပါ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်မှာ နှစ်နှစ်ခွဲကျော်ကြာအထိ မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်   ဗမာ တိုင်းရင်းသားများအနေဖြင့်        များစွာနစ်နာခဲ့ရ ကြောင်း၊ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး လစ်လပ်သွားသည်ဆိုပါက ပြည်နယ်အစိုးရ ဝန်ကြီးချုပ်မှ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ အဖွဲ့ခွဲထံ  ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လစ်လပ်သွားကြောင်း     အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်း ကြားတင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   လစ်လပ်သွားသည့်    ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအား မည်သည့် ကာလတွင်   ပြန်လည်ရွေးချယ်ပေးမည်ဆိုသည့် သတ်မှတ်ချက်အား ထွက်ရှိလာမည့်  ဥပဒေအသစ် တွင်  ဖြည့်စွက်ပေးမည့် အစီအစဉ် ရှိ/မရှိ  သိလို ကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးသည့်မေးခွန်းနှင့်ပတ်သက်၍   အပိုင်းနှစ်ပိုင်းခွဲခြားပြီး ဖြေကြားလိုကြောင်း၊ ပထမအပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ    အစားထိုးရွေးချယ် တင်မြှောက်သည့်ကိစ္စဖြစ်ပြီး ဒုတိယအပိုင်းသည် တိုင်းရင်းသားလူမျိုး   လွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားရေးရာဝန်ကြီး  အစားထိုးရွေးချယ် တင်မြှောက်ခြင်းကိစ္စတို့ဖြစ်ကြောင်း၊  နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် ခြင်းကိစ္စနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ ၇၃ တွင် တိတိကျကျ    ရှင်းရှင်း လင်းလင်းဖော်ပြထားကြောင်း၊ ဒုတိယသမ္မတများ သည် အစုအဖွဲ့သုံးခုဖြစ်ပြီး တပ်မတော်သားအစု အဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များမှ ဒုတိယသမ္မတတစ်ယောက်စီ ရွေးချယ်တင်မြှောက် ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့အထဲမှ ပြည်ထောင်စု လွှတ်တော်တွင်    သမ္မတနေရာအား    ရွေးချယ် တင်မြှောက်ရခြင်းဖြစ်ကြောင်း၊ လစ်လပ်သွားသည့် နေရာများအတွက်   မည်သို့လုပ်ဆောင်ရမည်ကို ပြဋ္ဌာန်းချက် တိတိကျကျ ပြည့်ပြည့်စုံစုံကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ ၇၃ တွင် ပါရှိပြီးဖြစ် ကြောင်း၊ ဒုတိယအချက်အနေဖြင့်  တိုင်းရင်းသား ရေးရာဝန်ကြီးသည်  တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွင် ပါဝင်သည့်ကိုယ်စား လှယ်ဖြစ်ကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်သွားပါက သက်ဆိုင်ရာ  တိုင်းဒေသ ကြီး/ ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် ပါပြီးဖြစ်ကြောင်း၊ လွှတ်တော်တွင် တစ်စုံတစ်ရာ သောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်သွားခဲ့ပါက  ဥပဒေနှင့်အညီ အစား ထိုး ရွေးကောက်တင်မြှောက်ရမည်ဆိုသည့် ပြဋ္ဌာန်း ချက်ပါရှိပြီး ဖြစ်ကြောင်း၊ သို့သော်လွှတ်တော်၏ ပထမငါးနှစ်သက်တမ်းတွင် ပထမတစ်နှစ်နှင့် ပဉ္စမ နှစ်တို့တွင် ဆောင်ရွက်ခြင်းမပြုရဟု   ဥပဒေတွင် ပါရှိကြောင်း၊ ထို့ကြောင့် ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များတွင် ဆောင်ရွက်ရမည့် အနေအထား မျိုးဖြစ်ကြောင်း၊  ယင်းသို့   ဆောင်ရွက်ရာတွင် လစ်လပ်သည့်စာရင်းများအား      သက်ဆိုင်ရာ လွှတ်တော်များနှင့်  ကော်မရှင်အဖွဲ့ခွဲများမှလည်း မိမိတို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့သို့ပေးပို့ကြောင်း၊ ထို့ကြောင့် မိမိတို့ကော်မရှင် အနေဖြင့် ယင်းစာရင်းများကို ရရှိကြောင်း၊ ယင်း စာရင်းများကိုစုစည်းပြီး  သင့်လျော်သည့်အချိန် တွင် ကြားဖြတ်ရွေးကောက်ပွဲကို   ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းနည်းဖြင့်သာ    ရွေးကောက် တင်မြှောက်ရမည်ဖြစ်ကြောင်း၊      မီဒီယာကြီး ပြောသကဲ့သို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းရခြင်း၊ ချက်ချင်းရွေးကောက်တင်မြှောက်ခြင်း မပြုခြင်း တို့ကြောင့် နစ်နာမှုများရှိသည်ဟု ပြောခြင်းလည်း ရှိပါကြောင်း၊    ယင်းအခြေအနေပေါ်မူတည်ပြီး ဥပဒေနှင့်အညီ လိုအပ်သလို အစားထိုးရွေးကောက် တင်မြှောက်ခြင်းကို ကြားဖြတ်ရွေးကောက်ပွဲများ နှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  လက်ရှိတွင် ယင်းကိစ္စများနှင့်ပတ်သက်၍  ဆောင်ရွက်ရန်မရှိ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)အရ လွှတ်တော်သက်တမ်းများ ကုန်ဆုံးသည့် အခါ    အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည့် အတွက် ဤကာလတွင် လွှတ်တော်လည်း ဖျက်သိမ်း ပြီးဖြစ်သည့်အတွက်  ဆောင်ရွက်ရန်မရှိကြောင်း ဖြေကြားသည်။
Myanmar Public Press မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင် က  လာမည့်    ရွေးကောက်ပွဲတွင် မဲမသမာမှုမဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နေဖြင့်  မည်သို့ကြိုတင် ဆောင်ရွက်ထား သည်ကို သိလိုကြောင်းနှင့်    ပြည်သူလူထုအကြား PR စနစ်ကို  နားလည်စေရန်   မည်သို့ဆောင်ရွက် သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ တွင်   မဲမသမာမှုနှင့်ပတ်သက်၍    မဲစာရင်းများ ဖောင်းပွမှုရှိကြောင်း၊ မဲနှစ်ကြိမ်ပေးခြင်း၊ ကိုယ်စား မဲပေးခြင်း၊ အယောင်ဆောင်မဲပေးခြင်း၊  အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခြင်း စသည့်မဲမသမာမှုဖြစ်စဉ် များ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့်  နောက်နောင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ယင်းကိစ္စများနှင့်  အခြေခံမဲစာရင်း မှန်ကန်ရေးအတွက် ဥပဒေထဲတွင် မဲစာရင်းပြုစုခြင်းနှင့် မဲစာရင်းစိစစ်ခြင်း အပိုင်းတို့ကို စနစ်တကျရေးဆွဲ၍ ပြင်ဆင်ထားကြောင်း၊ မှားယွင်း စွာ မဲဆွယ်စည်းရုံးလျှင်လည်း ရွေးကောက်ပွဲတွင်    မဲမသမာမှုများ ဖြစ်နိုင်သည့်အတွက်  မဲဆွယ်စည်းရုံး ခြင်း အခန်းဆိုပြီး အခန်းတစ်ခန်းထည့်သွင်းထားကြောင်း၊ သို့မှသာ   မဲဆွယ်စည်းရုံးရာတွင်လည်း     စနစ်တကျဖြစ်မည်ဖြစ်ကြောင်း၊ အလားတူ မဲပေး ရာတွင်လည်း စနစ်တကျရှိစေရေးအတွက်   မည်သို့ မဲပေးမည်၊ မည်သို့မဲရေတွက်မည်ဆိုသည့် အပိုင်း များကိုလည်း    ပြင်ဆင်ဖြည့်စွက်   ပြဋ္ဌာန်းထား ကြောင်း၊      
ယင်းတို့အပြင် ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊  ပြစ်ဒဏ်၊ မဲမသမာမှုများနှင့်ပတ်သက်၍     အရေးယူသည့် အစီအစဉ်များတွင် အကြီး/ အသေး၊  အလေး/အပေါ့အပေါ်မူတည်၍  ထိုက်သင့်သည့်    ပြစ်ဒဏ် များ ချမှတ်ရန် ဆောင်ရွက်ထားကြောင်း၊    ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် မဲရုံများတွင်   ဖြစ်ပေါ်နိုင် သည့် မဲမသမာမှု ဖြစ်စဉ်များကို လျှော့ချနိုင်ရန် ဥပဒေမူဘောင်အရ လိုအပ်သည်များကို ဆောင်ရွက် ထားကြောင်း။ 

 


ယင်းသို့ဆောင်ရွက်ရာတွင် သတင်းထောက်ကြီး မေးသကဲ့သို့ ပြောင်းလဲကျင့်သုံးမည့် PR စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက်ပါ အားလုံး ထည့်သွင်းပြင်ဆင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   နိုင်ငံတော်မှ   စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီစနစ်ကို သွားခြင်းကြောင့် ယင်းစနစ်ကို ကောင်းစွာဖော်ဆောင် နိုင်မည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပြီး မဲမသမာမှုများ   မဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိကြောင်း၊ PR စနစ်နှင့် ပတ်သက် ပြီး မိမိအနေဖြင့် အစောပိုင်းတွင်လည်း တင်ပြထား ပြီးဖြစ်ကြောင်း၊ ယင်း PR   စနစ်နှင့် ပတ်သက်ပြီး မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့်ပတ်သက် ၍ နိုင်ငံတော်ပိုင်မီဒီယာများ၊   သတင်းစာများတွင် ဆောင်းပါးများဖော်ပြထားရှိကြောင်း၊  အလားတူ Talk Show များကိုလည်း TV အစီအစဉ်များတွင် ထည့်သွင်းပြသလျက်ရှိကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တင်ပြထားသည့်စာအုပ်များကို ထုတ်ဝေ ဖြန့်ချိလျက်ရှိကြောင်း၊    ထို့အတူ    မဲရုံသရုပ်ပြ အစီအစဉ်များနှင့်ပတ်သက်၍လည်း  ရိုက်ကူးနေ ကြောင်း၊ အလားတူ ယင်းကိစ္စနှင့်ပတ်သက်သည့် တေးသီချင်းများ၊ တေးသရုပ်ဖော်များကိုလည်း စီစဉ် ဆောင်ရွက်နေကြောင်း၊ ပြည်သူလူထုကို PR စနစ် နှင့်ပတ်သက်၍     ရွေးကောက်ပွဲကာလနီးပါက မီဒီယာများမှတစ်ဆင့်    ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 


ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင် က PR စနစ်နှင့်ပတ်သက်၍ ပြည်သူလူထု နားလည် စေရန် ပြည်ထောင်စုရွေးကောက်ပွဲအနေဖြင့် အသိ ပညာပေးမှုများပြုလုပ်သွားရန်  အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က အချိုးကျကိုယ်စားပြု PR စနစ်ကို ကျင့်သုံးပြီး လာမည့်ရွေးကောက်ပွဲကို ကျင်းပပြုလုပ် မည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မဲပေး သည့်လုပ်ငန်းစဉ်တွင် PR နှင့် FPTP   စနစ်သည် များစွာကွာခြားမှုမရှိကြောင်း၊    ရရှိသည့်မဲရလဒ် များကို အချိုးကျကိုယ်စားလှယ်တွက်ချက်၍ ရလဒ် ထုတ်ပြန်သည့်အခါမှသာ FPTP နှင့် PR စနစ်တို့ ကွာခြားမှုရှိမည်ဖြစ်ကြောင်း၊ PR နှင့်   ပတ်သက် သည့် ဆောင်းပါး ၃၈ ပုဒ်ခန့်ကို နိုင်ငံပိုင်သတင်းစာ များတွင် ရေးသားဖော်ပြထားကြောင်း၊ ထို့အတူ PR စနစ်နှင့်ပတ်သက်သည့် စကားဝိုင်းအစီအစဉ်များ ကိုလည်း ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြီးဖြစ်သလို ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာနှင့် ပတ်သက် သည့် ထုတ်ဝေပြီး စာအုပ်လေးအုပ်တွင်လည်း PR နှင့်ပတ်သက်သည့်  စာအုပ်သုံးအုပ်ပါရှိကြောင်း၊ ယင်းတို့ကို လေ့လာခြင်းအားဖြင့်    သိရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင်  ရွေးကောက်ပွဲဥပဒေ၊  နည်း ဥပဒေများ အတည်ပြုထုတ်ပြန်ပြီးပါက ယခုထက် ပိုပြီးအချက်အလက်   ခိုင်ခိုင်မာမာ  ကျယ်ကျယ် ပြန့်ပြန့်နှင့် မဲဆန္ဒရှင်များကို အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဖြေကြား သည်။

 


မြန်မာသံတော်ဆင့်ဂျာနယ်မှ     အယ်ဒီတာ ဦးကိုကိုကြီး က စက်တင်ဘာ   ၁၅  ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အနေ ဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ မဲဆန္ဒရှင် စာရင်းများစိစစ်ခြင်း၊   မဲရုံလျာထားမှုများနှင့်     ပတ်သက်၍ အစည်းအဝေးပြုလုပ်ခြင်း သတင်းများ ကို တွေ့မြင်ရကြောင်း၊ နေပြည်တော်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာများ၊ သပြေဆောင်၊   သဇင်ဆောင် တို့တွင် နေသူများသည် ပုံစံ-၆၆ မပေါက်ခြင်းများ ပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်ရှိ ဝန်ထမ်းများကို  မဲပေးနိုင်ရေးအတွက်   လွယ်ကူ စွာ   ဆောင်ရွက်ပေးခဲ့သည်ကို   တွေ့ရကြောင်း၊ နေပြည်တော်တွင်ရှိသည့် ဝန်ထမ်းများသည် ၎င်းတို့ နေထိုင်ခဲ့သော ဒေသတွင်ရှိသည့် မဲဆန္ဒရှင်စာရင်း များတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် မဲစာရင်း များ နှစ်နေရာထပ်နေကြောင်း၊ နေပြည်တော်တွင် မဲထည့်ခြင်းကြောင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်/ကျေး မဲဆန္ဒနယ်မြေများ၌ လာရောက်မဲထည့်ခြင်းမရှိ သည့် မဲဆန္ဒရှင်များကိုယ်စား NLD မှ ခန့်ထားသည့် ရပ်/ကျေးမဲရုံတာဝန်ရှိသူများက ၎င်းတို့အစီအစဉ် ဖြင့် မဲထည့်ခြင်းများကြောင့် မဲစာရင်းထပ်ခြင်းများ ရှိခဲ့သည်ဟု သိရကြောင်း၊ ယင်းဖြစ်စဉ်များကဲ့သို့ထပ်မံမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် မည်သို့ပြင်ဆင်ထားသည်ကို    သိလိုကြောင်းနှင့် နေပြည်တော်တွင်ရှိသည့် သဇင်ဆောင်၊  သပြေ ဆောင်တို့မှ ဝန်ထမ်းများ၊ အိမ်ရာများတွင်ရှိသည့်ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေးအတွက်   မည်သို့ စီစဉ်ထားသည်ကို သိရှိလိုကြောင်းမေးမြန်းသည်။ 

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ပိုင်း ခွဲ၍ဖြေကြားလိုကြောင်း၊  တစ်ပိုင်းမှာ ပုံစံ-၆၆/၆ မရှိသည့်    ဝန်ထမ်းများမဲပေးရေးကိစ္စဖြစ်ပြီး နောက်တစ်ပိုင်းမှာ မဲစာရင်းမထပ်စေရေး မည်သို့ လုပ်ဆောင်မည်ဆိုသည့် အပိုင်းများပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိစ္စကို ပြန်လည်တင်ပြလိုကြောင်း၊ အဆိုပါ ရွေးကောက်ပွဲ မဲစာရင်းများတွင် မှတ်ပုံတင်မရှိသည့် လူဦးရေမှာ လေးသန်းကျော်ရှိကြောင်း၊  မဲစာရင်း  နှစ်ကြိမ်၊ သုံးကြိမ်ထပ်နေပြီး  တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်အလိုက် Cross Check အရ ထပ်နေသူများ၊ အသက် ၁၀၀ ကျော်ရှိသူများ၊ အသက် ၁၈  နှစ် မပြည့်သူများအပါအဝင် စုစုပေါင်း ၁၁ ဒသမ ၀၃ သန်းခန့် ရှိသဖြင့် မဲဆန္ဒရှင်စုစုပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့်   လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုနှင့် မဲဆန္ဒရှင်စာရင်းများ    မထပ်စေရန်  အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 


ယင်းသို့ဆောင်ရွက်ရာတွင် ဥပဒေကြောင်းအရ ဆောင်ရွက်ရခြင်းများရှိကြောင်း၊ မဲစာရင်းပြုစုရာ တွင် မှတ်ပုံတင်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံ သားပြုခွင့်ရ စသည်ဖြင့် အသိအမှတ်ပြုကတ်တစ်ခုခု ရှိမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် နေထိုင်ကြောင်း သက်သေအထောက် အထားဖြစ်သည့် ပုံစံ-၆၆/၆    ရှိသူများကိုသာ မဲစာရင်းတွင်ပြုစုထားကြောင်း၊ အဆိုပါ ပုံစံ-၆၆/၆ မပါရှိသူများကို ဥပဒေနှင့်အညီ စာရင်းပြုစုနိုင်ရေး ဝန်ကြီးဌာန နှစ်ခုနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် မှတ်ပုံတင်ရှိရမည်၊ ပုံစံ-၆၆/၆ ရှိမှသာ  မဲစာရင်းတွင်ပါပြီး   မဲပေးခွင့်ရမည်ဖြစ် ကြောင်း၊   ယင်းကိစ္စနှင့်ပတ်သက်ပြီး   ဆောင်ရွက် နိုင်ရန်      သက်ဆိုင်ရာ  ဝန်ကြီးဌာနများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူများအားလုံး လိုက်နာရမည့် ဥပဒေဖြစ်သောကြောင့် အခြားမဲဆန္ဒရှင်များနည်းတူ လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်   သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။ 

 


မဲစာရင်းများမထပ်စေရန်    မြေပြင်လူဦးရေ စာရင်းကောက်ခြင်း၊    သက်ဆိုင်ရာဝန်ကြီးဌာန လူဦးရေစာရင်းများကို တိုက်ဆိုင်စစ်ဆေးပြီး ဥပဒေ နှင့်ညီသည့် လူဦးရေစာရင်းကို  ကနဦးမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းစနစ် (Initial   Voter  List Scrutinizer-IVLS Software) တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ပေးပြီး ပြန်လည် စိစစ်၍ Feedback ပြန်ပေးသည်များနှင့် Update လုပ်ပြီး ပြည့်စုံမှန်ကန်သည့်စာရင်းများ ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊    ကနဦးမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းစနစ်  (Initial   Voter  List Scrutinizer-IVLS Software) ၏  စစ်ဆေးခြင်း လုပ်ငန်းများကို   ပြီးခဲ့သည့်   ဩဂုတ်လအတွင်း လုပ်ဆောင်ပြီးဖြစ်ကာ ယခုစက်တင်ဘာလမှစ၍ Update လုပ်နေကြောင်း၊   အလားတူရရှိသည့် မဲစာရင်းများကိုအခြေခံပြီး မဲရုံများစုဖွဲ့ခြင်း၊ မဲရုံသုံးပစ္စည်းများတွက်ချက်ခြင်းကို ပြည်ထောင်စုနယ်မြေ တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီးမေးသည့်မေးခွန်းကို ဖြေကြား ရမည်ဆိုပါက မဲစာရင်းတွင်ပါရှိသည့်    မဲပေးခွင့် ဥပဒေပြဋ္ဌာန်းချက်  ထွက်ရှိလာမည်ဖြစ်ကြောင်း၊ မဲစာရင်းမထပ်စေရေး စနစ်တကျတင်ပြပါအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။ 

 


ဆက်လက်ပြီး မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာ ဦးကိုကိုကြီး က နေပြည်တော်   သုခ တော်ဝင်အိမ်ရာတွင် ရွှေ့ပြောင်းလာသည့် ဝန်ထမ်း အများစုနေထိုင်ကြောင်း၊ အဆိုပါဝန်ထမ်းများကို မြေပြင်စာရင်းကောက်ခံခြင်းများမရှိသေးဟု သိရ ကြောင်း၊ ထိုသူများမဲပေးနိုင်ရန် မည်သို့စီစဉ်ထားသည်ကိုသိလိုကြောင်း ထပ်မံမေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က မိမိတို့အနေဖြင့် ရှေ့ပြေးစီမံချက် ဖြင့် စာရင်းကောက်ရာတွင် ဦးစွာဆောင်ရွက်နေ သည်မှာ ရပ်ကွက်များ၊   မြို့နယ်အလိုက်   ပြည်သူ လူထုများကို    စာရင်းများကောက်နေကြောင်း၊ ဒုတိယအဆင့်အနေဖြင့်       နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ယင်းအပိုင်းသည် Second Phase အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့အစည်းများသည်  စုစု စည်းစည်းနှင့် အင်အားစနစ်   တည်တည်ငြိမ်ငြိမ် ရှိသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်း စဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်မီ ဥပဒေကြောင်း အရ ပြည့်စုံအောင် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း ဖြေကြားသည်။

 


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က   ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး    လုံခြုံရေး အင်အားများကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် UEC မှ မဲရုံများ ကို စောင့်ကြပ်ရန်အတွက် ဖွဲ့စည်းလိုက်ကြောင်း၊ CDM လှုပ်ရှားမှုများမှ   ကယားပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ CDM လုပ်ကြသည်ကို   သတင်း တက်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့လေ့လာကြည့်လိုက်သည့်အချိန် UEC မှ  ရွေးကောက်ပွဲ အတွက်   ယာယီခန့်ထားသည့်    မဲရုံလုံခြုံရေး ရဲအင်အားများဖြစ်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့်   ယင်းကိစ္စများကို    ကျယ်ကျယ် ပြန့်ပြန့် သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ခဲ့ရကြောင်း၊ ရွေးကောက်ပွဲကာလတွင်  မဲရုံလုံခြုံရေးအင်အား များကို UEC နှင့်    ပြည်ထဲရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီး ဆောင်ရွက်သည့်နေရာတွင် ပြည်ထဲ ရေးဝန်ကြီးဌာနအနေဖြင့် ယူနီဖောင်းဘက်တံဆိပ် တို့ကအစ မည်သည့်သတ်မှတ်ချက်များ၊ သက်တမ်း ကာလမည်မျှရှိသည်၊ သက်တမ်းကာလပြီးသွားလျှင် ယူနီဖောင်းများမည်ကဲ့သို့       ပြန်၍သိမ်းသည်ကို သိလိုကြောင်းနှင့်    လာမည့်ရွေးကောက်ပွဲတွင် ယင်းသို့လုံခြုံရေးအတွက် ခန့်ထားရန် အစီအစဉ် ရှိ/မရှိနှင့် တာဝန်ပေးဆောင်ရွက်ရန်ရှိပါက မည်သို့ ကန့်သတ်ချက်များဖြင့် ဆောင်ရွက်သွားမည့် အစီ အစဉ်များနှင့်ပတ်သက်၍  သိလိုကြောင်း  မေးမြန်း သည်။

 


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က    ရွေးကောက်ပွဲလုံခြုံရေးနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လုံခြုံရေးနှင့်ပတ်သက်သည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် အနီး ကပ်     ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရကြောင်း၊ ရွေးကောက်ပွဲနှင့်   ပတ်သက်ပြီး   ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအား ပြည်ထဲ ရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ကို ပြည်ထဲရေးဝန်ကြီးဌာနက   စနစ် တကျဖွဲ့စည်းကြောင်း၊       စနစ်တကျဖွဲ့စည်းပြီး ၎င်းတို့က အနီးကပ်ဆောင်ရွက်ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်  ယခင်က      သာမန်အားဖြင့် မဲရုံပေါင်းလေးသောင်းကျော်ရှိကြောင်း၊  အဆိုပါ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲများကို စုစည်းလေ့ကျင့်ပြီး ခန့်ထားဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆောင်ရွက်ခဲ့ကြောင်း၊ နောင်ကျင်းပမည့်        ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကျင်းပမည့်ကာလ   သတ်မှတ်ပြီး နောက်ပိုင်းမှသာ  ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက် သည့်အခါတွင်   တစ်လခန့် အချိန်ယူပြီး  လူအင်အား စုစည်းခြင်း၊  လုံခြုံရေးဆိုင်ရာအချက်အလက်များ  သင်တန်းပေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်ပတ်သက်၍    သိသင့်သိထိုက်သည်များ လုပ်ဆောင်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ် ဖွယ်ရာများကို တာဝန်ထမ်းဆောင်ရာတွင် အဆင် ပြေမှုရှိစေရန်အတွက် လေ့ကျင့်သင်ကြားပေးပြီးမှ     ခန့်အပ်ခြင်းဖြစ်ကြောင်း၊ သာမန်အားဖြင့်  တစ်လ ခန့်သာ လစာပေး၍   ခန့်အပ်ဆောင်ရွက်ကြောင်း၊   မိမိသိရသလောက်ပြောရလျှင်    ထိုခန့်ထားသည့် သူများအထဲမှ ရဲတပ်ဖွဲ့အရည်အချင်းနှင့် ကိုက်ညီ သည့်သူများအနေဖြင့် သင်တန်းပေးပြီး    ရဲတပ်ဖွဲ့ အဖြစ်   ခန့်အပ်ပေးသည်များလည်းရှိကြောင်း၊       ယင်းလုပ်ငန်းစဉ်များကို  ယခင်  နှစ်ကြိမ်ဆောင်ရွက် ခဲ့ကြောင်း၊ ယခုကျင်းပမည့်  ရွေးကောက်ပွဲတွင် အလားတူနည်းလမ်းဖြင့်သော်      လည်းကောင်း၊ ထိုထက်ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့်သော် လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနဖြင့်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်း၊ ရဲတပ်ဖွဲ့ဝင်ခန့်အပ်ခြင်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ခန့်အပ်ခြင်း၊ ယူနီဖောင်းထောက်ပံ့ ခြင်း၊ လစာပေးအပ်ခြင်း စသည်တို့ကို ဆောင်ရွက် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနက သတ်မှတ်စည်းမျဉ်း၊   စည်းကမ်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

 


ဆက်လက်၍ NHP သတင်းဌာနမှ အယ်ဒီတာ ချုပ် ဦးဝင်းဦး က   မေးလိုသည်မှာ    အကယ်၍ ယူနီဖောင်းဝတ်ဆင်ပြီး   တလွဲသုံးမည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်   မည်သို့သော အရေးယူမှုမျိုးလုပ်နိုင်မည်ကိုသိလိုကြောင်း ထပ်မံ မေးမြန်းသည်။ 

 


အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး က ယခင်က   အရန်ရဲ/ အထူးရဲခန့်အပ်ခြင်းကို ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ ဖြင့် ခန့်အပ်ကြောင်း၊ ယခုလက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ယင်းဥပဒေ တွင်လည်း     အရန်ရဲခန့်အပ်ခြင်းပါဝင်ကြောင်း၊ အရန်ရဲခန့်အပ်ရာတွင်  တာဝန်ထမ်းဆောင်သည့် ကာလတွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို လိုက်နာရမည်ဆိုသည့်အချက်   ထည့်သွင်းထား ကြောင်း၊ အရန်ရဲတာဝန်ထမ်းဆောင်နေစဉ်ကာလ တွင် စည်းကမ်းဖောက်ဖျက်ပါက သန္ဓေတပ်ဖွဲ့ဝင် များကဲ့သို့ ရဲစည်းကမ်းဥပဒေအရ အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း၊   အခြားတည်ဆဲဥပဒေများကို ချိုးဖောက်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြား သည်။

 


Cohesion News မှ သတင်းထောက် ဒေါ်ဆွေ ဇင်ဦးက အကြမ်းဖက်လမ်းစဉ်ကို ပြန်လည်အသက် သွင်းခဲ့သည့် NLD ပါတီကို နိုင်ငံရေးပါတီများအထဲမှ ပယ်ဖျက်ခြင်းမပြုသေးသည်ကို   တွေ့ရကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်    နိုင်ငံ့အရေး ကိုရှေးရှုပြီး ပါတီနိုင်ငံရေးလုပ်ခဲ့သည့် နှင်းဆီပါတီ ကို NLD ခေတ်က မတရားအသင်းအဖြစ် ကြေညာ ခဲ့သည့်အပေါ် ပြန်လည်ပယ်ဖျက်ပေးသင့်သည်ဟု UEC အနေဖြင့် ထင်မြင်ပါသလား၊  မည်သို့ယူဆ ချက်များပေးလိုပါသလဲ၊ NLD ပါတီနှင့် နှင်းဆီပါတီ မည်သည့်ပါတီကပိုပြီး ဥပဒေနှင့်မညီသည်ကို UEC ၏အမြင်ကို သိလိုကြောင်း မေးမြန်းသည်။ 

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ယင်းကိစ္စနှင့်ပတ်သက်၍ အပိုင်း နှစ်ပိုင်းခွဲပြီး  ဖြေကြားလိုကြောင်း၊ NLD ပါတီနှင့် UDP ပါတီတို့နှင့်ပတ်သက်၍ နှစ်ပိုင်းနှိုင်းယှဉ်ပြောကြားလိုကြောင်း၊ NLD ပါတီနှင့်ပတ်သက်၍ ယခင် သတင်းစာရှင်းလင်းပွဲများတွင်လည်း      ဖြေကြား ထားပြီးဖြစ်ကြောင်း၊ ယင်းပါတီစစ်ဆေးမှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုရန် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များ ရှိနေသေးကြောင်း၊    ထို့ကြောင့် ဥပဒေအရဆောင်ရွက်ရန် လက်ရှိအခြေအနေတွင် ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်း   မရှိသေးကြောင်း၊ စစ်ဆေးပြီးမှသာ စနစ်တကျဆုံးဖြတ်ဆောင်ရွက်သွားမည်ဟုသာပြောကြားလိုကြောင်း၊ UDP ပါတီ (နှင်းဆီပါတီ) သည်  ပြီးခဲ့သည့်   ရွေးကောက်ပွဲ ကော်မရှင်လက်ထက်တွင်     နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၁၂)နှင့်    အလားတူ နည်းဥပဒေ ၁၅ (ခ၊ ဂ၊ စ)တို့နှင့်  ငြိစွန်းကြောင်း၊ ယင်းနည်းဥပဒေများသည်လည်း  ရပ်တည်ပိုင်ခွင့် မရှိသည့် ဥပဒေများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီမှပယ်ဖျက်ကြောင်းကို ၁၇-၁၀-၂၀၂၀ ရက် တွင် နိုင်ငံရေးပါတီအဖြစ်မှ    ပယ်ဖျက်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ သတင်းထောက် ကြီး မေးသည့်ကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လေ့လာသုံးသပ်ကြည့်ရာတွင်     ယင်းပါတီအား မတရားအသင်းအဖြစ်      ကြေညာသည့်ကိစ္စနှင့် ပတ်သက်၍ မိမိတို့ထုတ်ပြန်သည့် ဥပဒေပုဒ်မများ အထဲတွင် မတရားအသင်းအဖြစ် ကြေညာထားခြင်း မတွေ့ရကြောင်း၊ အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ၏ သက်ဆိုင်ရာ အထောက်အထားများကို လေ့လာ ကြည့်ရာတွင်လည်း UDP ပါတီအား မတရားအသင်း အဖြစ်ကြေညာထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိ ရကြောင်း ဖြေကြားသည်။
ဆက်လက်၍ Cohesion News မှ သတင်း ထောက် ဒေါ်ဆွေဇင်ဦး က NLD ပါတီအနေဖြင့် အစစ်ဆေးခံမည်၊ ပါတီပြန်လည်ဖွဲ့မည်ဟု  UEC ထင်မြင်ထားပါသလား၊ မျှော်လင့်ထားပါသလားဟု ထပ်မံမေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က အဆိုပါ ပါတီအနေဖြင့်   CEC တချို့ဖမ်းဆီးထိန်းသိမ်းခံထားရသကဲ့သို့  တချို့ အမှုရင်ဆိုင်နေရကြောင်း၊    အချို့   ထွက်ပြေး တိမ်းရှောင်နေခြင်း၊  အချို့မှာ   ဆက်သွယ်၍မရ ဖြစ်နေကြောင်း၊ ထို့ကြောင့်တာဝန်ခံဖြေရှင်းမည့်ကိစ္စများအား မိမိတို့အနေဖြင့် ဆောင်ရွက်နေမှုများ ရှိသော်လည်း စစ်ဆေးရေးလုပ်ငန်းစဉ်များ မပြီးစီး သေးသဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်ဟု လတ်တလောဖြေကြားလိုကြောင်း ဖြေကြားသည်။
Cohesion News မှ သတင်းထောက် ဒေါ်ဆွေ ဇင်ဦး က အဆိုပါ NLD ပါတီအနေဖြင့် လာရောက် အစစ်ဆေးခံမည်ဆိုပါက ဥပဒေနှင့်မငြိစွန်းသည့်ကိစ္စများရှိလိမ့်မည်ဟု UEC အနေဖြင့် ထင်ပါသလား ဟု ထပ်မံမေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ယင်းကိစ္စနှင့်ပတ်သက်၍ ကြိုတင် ပြီး မခန့်မှန်းလိုကြောင်း၊ သို့သော်လည်း မိမိတို့အနေ ဖြင့် စိစစ်ရာတွင်  အသေးစိတ် စနစ်တကျစိစစ်မည် ဆိုပါက အဖြစ်မှန်ပေါ်ပေါက်အောင် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 


လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာ  ဒေါ်ခိုင် စံပယ်ဦး က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲရုံများ ကြိုတင်ပြင်ဆင်သည့်အချိန်ကာလအတွင်း မိမိတို့ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ များကို ယင်းနယ်မြေအတွင်းရှိ စာရင်းရှိ မဲဆန္ဒရှင် အရေအတွက်၊ မဲရုံအရေအတွက်၊   ကိုဗစ်ကာလ ဖြစ်ခြင်းကြောင့် မဲပေးရန် စီမံဆောင်ရွက်ထားသည့် အခြေအနေများနှင့်ပတ်သက်၍    မေးခွန်းများ မေးမြန်းခဲ့ကြောင်း၊  ထိုသို့သော  အခြေခံမေးခွန်း များ မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိဘဲ ရန်သူသဖွယ်    မောင်းထုတ်ခြင်းခံခဲ့ရကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏ စည်းမျဉ်းစည်းကမ်းများ၊ လျှို့ဝှက်မဲပေးခြင်း၏စည်းမျဉ်းများကိုလိုက်နာပြီး မေးမြန်းသည့် မီဒီယာ ၏မေးမြန်းမှုများကို လွတ်လပ်ခွင့်ပေးရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ၏ပွင့်လင်းမြင်သာမှုနှင့် အများယုံကြည်လက်ခံမှု ရအောင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ပြီးခဲ့သည့် ရွေးကောက်ပွဲအဆက်ဆက်တွင် ခွင့်ပြု ခဲ့သည်များရှိကြောင်း၊ ထို့ကြောင့် သတ်မှတ်ထား သည့် လုပ်ငန်းစဉ်၊ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ စိစစ်ခွင့်ပြုပေးခြင်းရှိကြောင်း၊   သတင်း ထောက်ကြီး မေးမြန်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ဖြေကြားလိုကြောင်း၊ မဲရုံဖွင့်လှစ် သည့်  နံနက် ၆  နာရီမှ   ညနေ  ၄  နာရီအတွင်း မဲပေးခြင်းလုပ်ငန်းများကို စနစ်တကျ  ကြီးကြပ် ဆောင်ရွက်ရကြောင်း၊ ယင်းလုပ်ငန်းစဉ်များပြီးပါက မဲရေတွက်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင် ရကြောင်း၊ ထိုအချိန်များတွင်   မဲရုံတာဝန်ခံများ အနေဖြင့် မေးခွန်းများမေးမြန်းခြင်းကို ဖြေကြားရန် အခက်အခဲရှိနိုင်ကြောင်း၊   ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများတွင် ပြဋ္ဌာန်းထားသည်များရှိကြောင်း၊ ပုဒ်မ ၆၁/၆၂ တွင် မည်သူမဆို ရွေးကောက်ပွဲကျင်းပ သည့် မဲရုံအတွင်းတွင် သော်လည်းကောင်း၊ မဲရုံနှင့် ကိုက်   ၅၀၀  အတွင်းတွင်  သော်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲပေး ရန်သော်လည်းကောင်း၊ မဲမပေးရန် သော်လည်း ကောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သော် လည်းကောင်း၊ ဆန္ဒမဲမပေးရန် သော်လည်းကောင်း၊ တိုက်တွန်း သွေးဆောင်လျှင် သော်လည်းကောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့များကို လုပ်ငန်းအနှောင့်အယှက် ဖြစ်စေသည့်လုပ်ရပ်များ        ဆောင်ရွက်ပါက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက်သည်ဟု ဥပဒေ တွင်ပါရှိခြင်းကြောင့် ယင်းကိစ္စများသည် မြေပြင် တွင် ဆောင်ရွက်ရာ၌ အခက်အခဲရှိနိုင်ကြောင်း။

 


မဲဆန္ဒရှင်များအား မဲပေးသည့်ကိစ္စနှင့် ပတ်သက် ၍ မေးမြန်းရာတွင် မည်သူ့အားမဲပေးသလဲ မေးမြန်း ရိုက်ကူးထုတ်လွှင့်ရာတွင် အထက်တွင် ပြောကြား ခဲ့သည့် မဲရုံနှင့်ကိုက် ၅၀၀ အတွင်း ဖြစ်ခြင်းကြောင့် ယင်းကိစ္စများကို ရိုက်ကူးထုတ်လုပ်ခြင်းအားဖြင့် မဲဆွယ်စည်းရုံးခြင်းဆိုသည့် ကိစ္စများနှင့် ငြိစွန်းနိုင် ခြင်းရှိကြောင်း၊ ထို့ကြောင့် ထိုသို့ ထိလွယ်ရှလွယ် သည့် ကိစ္စများနှင့်ပတ်သက်၍ ယခင် ရွေးကောက်ပွဲ များတွင်  ခွင့်မပြုခဲ့ကြောင်း၊     သို့သော်လည်း သက်ဆိုင်ရာ ရပ်/ကျေး  ကော်မရှင်များအနေဖြင့် မဲရုံ၊ မဲစာရင်း၊ မဲပေးနိုင်သည့် အရေအတွက်တို့နှင့် ပတ်သက်၍ ကြော်ငြာဘုတ်တွင် ကပ်ထားပြီးဖြစ် ကြောင်း၊  ထိုသို့  အခြေခံအချက်အလက်များဖြင့် မဲရုံတွင် အေးချမ်းတည်ငြိမ်စွာ  မဲပေးနိုင်မှုရှိ/မရှိ လေ့လာသုံးသပ်ပြီး    ရိုက်ကူးတင်ဆက်မှုများ လည်း ရှိခဲ့ကြောင်း၊   ထိုသို့  နှစ်ဖက်အဆင်ပြေစေရန် သတ်မှတ်ထားသည့်     လုပ်ငန်းစဉ်များနှင့်အညီ သတင်းရယူခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။


(ဆက်လက်ဖော်ပြပါမည်)