ပဲခူးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ (နေကြာ၊ မြေပဲ၊ ပန်းနှမ်း)နှင့် နွေစပါး၊ ပဲတီစိမ်းတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး လျာထားဆောင်ရွက်

 

ပဲခူး စက်တင်ဘာ ၂၄


ပဲခူးခရိုင်အတွင်း၌  ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ဆောင်းနေကြာ ၅၆၃၂ ဧက၊ သီးသန့် ၂၈၅၄ ဧက၊ သီးညှပ် ၂၇၇၈ ဧက၊ ဆောင်းနှမ်း ၁၂၇၅ ဧက၊ ဆောင်းမြေပဲ ဧက ၁၉၆၀၀၊ တိုးချဲ့၉၁၃၁ ဧက၊ ပေါင်း ၂၈၇၃၁၊ ပဲမျိုးစုံ ၄၅၄၈၁၉ ဧက၊ နွေစပါး ၆၁၁၅၁ ဧက၊ တိုးချဲ့ ၄၈၃၈ ဧက၊ ပေါင်း ၆၅၉၈၉ ဧက စိုက်ပျိုးသွား ရန်လျာထား ဆောင်ရွက်လျက်ရှိ ပြီး   နေကြာစိုက်ပျိုးရန်  မျိုးစေ့ လိုအပ်ချက်အနေဖြင့် စပ်မျိုး ဧက ၂၅၀၀၊ ဆင်းရွှေကြာ ၃၁၃၂ ဧက၊ မျိုးစု  ဆောင်းထားရှိမှုအနေဖြင့်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စပ်မျိုး ၁၆၆၆ ဧက၊ (ဆင်းရွှေကြာ-၂) ဧက ၂၀၊  ခရိုင် အစီအစဉ်အနေဖြင့် စပ်မျိုး ၂၁၂ ဧက၊ (ဆင်းရွှေကြာ-၂)  ၈၆ ဧက စုဆောင်းထားရှိပြီး  ဖြစ်ကြောင်း သိရသည်။

 


ပဲခူးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းကကျင်းပသည့် ပဲခူး ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ (နေကြာ၊   မြေပဲ၊ ပန်းနှမ်း)နှင့်  နွေစပါး၊  ပဲတီစိမ်း တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးမှ သိရသည်။ 

 


အဆိုပါအစည်းအဝေးသို့ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ကြပ် အဖွဲ့များ၊     ပဲခူးခရိုင်အတွင်းရှိ  မြို့နယ်      စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်  မြို့နယ်စိုက်/ကြပ် အဖွဲ့များ တက်ရောက်ကြသည်။  

 


ထို့နောက်  ပဲခူးခရိုင်အတွင်းရှိ ကဝ၊ ဝေါ၊ သနပ်ပင်၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် တွင်   ဆီထွက်သီးနှံ  (နေကြာ၊ မြေပဲ၊ ပန်းနှမ်း)နှင့် နွေစပါး၊ ပဲတီစိမ်းတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင် ရေး ဆောင်ရွက်သွားမည့် အစီအမံ များ၊  ဖြည့်ဆည်းပေးရန်လိုအပ် သည့် အချက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြကြရာ  ပဲခူးခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက  ဖြည့်စွက်   ရှင်းလင်းတင်ပြပြီး ပဲခူးခရိုင်     စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊  ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က   နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်