
နေပြည်တော် စက်တင်ဘာ ၂၃
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်း များ တက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာ သော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမနှင့် မန္တလေးတိုင်းဒေသကြီး သာစည် မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံး အစည်းအဝေး ခန်းမတို့၌ ပြန်လည်ကြိုဆို လက်ခံခြင်း အခမ်းအနားများကို ကျင်းပကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြော ကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင် ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော နောင်ချိုမြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးနှင့် သာစည်မြို့နယ်အတွင်းရှိ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦး တို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုး စေကာ ထောက်ပံ့ငွေများပေးအပ် ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးကြ သည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားပြီးဖြစ် ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်