စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်း

 

နေပြည်တော်  စက်တင်ဘာ  ၂၃


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)    စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်   သင်တန်း အမှတ်စဉ် (၂၂) ၏ သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၂၃ ရက် နံနက် ပိုင်းက  ကျင်းပရာ  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်    (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူး များ၊      ပါမောက္ခ(ဌာနမှူး)   များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများ မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းအသီး သီး၌ တာဝန်ထမ်းဆောင်လျက်ရှိ သော  ရုံးအုပ်နှင့်   ဌာနခွဲစာရေး အဆင့်ရှိ စာရေးဝန်ထမ်း ကြီးကြပ် မှုတန်းမြင့်   သင်တန်းအမှတ်စဉ် (၂၂)  မှ   သင်တန်းသား  ၃၁ ဦး၊ သင်တန်းသူ   ၅၁  ဦး   စုစုပေါင်း ၈၂ ဦး တက်ရောက်ကြသည်။

 


အခမ်းအနားတွင်နိုင်ငံ့ဝန်ထမ်း   တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်    ဦးကျော်စိုးက သင်တန်းဆင်း အမှာစကားပြော ကြားကာ သင်တန်းတွင် ထူးချွန် ဆုရရှိသူများအား ဆုများ ပေးအပ် ချီးမြှင့်ပြီး သင်တန်း ဆင်း  အောင်လက်မှတ်များ ပေးအပ်သည်။  အဆိုပါသင်တန်း ကို ဇူလိုင် ၁၈ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ရက်သတ္တပတ် ၁၀ ပတ်   ကြာမြင့်ခဲ့ကြောင်း  သိရ သည်။                      

သတင်းစဉ်