
ပဲခူး စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဟိုတယ် လုပ်ငန်းလိုင်စင်အသစ် လျှောက် ထားလာမှု တစ်ခု၊ ခရီးသွား ဧည့် လမ်းညွှန် သက်တမ်းတိုးခြင်း လေးခု၊ ဟိုတယ်လုပ်ငန်း လိုင်စင် သက်တမ်းတိုးခြင်း ၁၀ ခုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေ နှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု အမြင့်မားဆုံးဖြစ်သည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ အဖိုးမဖြတ်နိုင်သော သမိုင်းဝင် နေရာများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝတောတောင်ရေမြေ အလှ အပများကို အသုံးချ၍ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး ဦးတည်ဆောင်ရွက် ပေးရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း များကို ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကြောင့် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရ သော ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူးသစ်များဖြင့် ကြိုတင် ကြံဆဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်အဦ၊ ကျုံး၊ မြို့ရိုးများကို ပြန်လည်အဆင့်မြှင့် တင်၍ ခရီးသွားနေရာသစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေ နေရာများ တည်ဆောက်ခြင်း နှင့်အတူ မြို့ပြသန့်ရှင်းသာယာ လှပစေရေးတို့ကိုလည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း များနှင့် လုံခြုံရေးဝန်ထမ်း ၃၅၇ ဦးအတွက် ဆန် နှင့် ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်