
နေပြည်တော် စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
အဆိုပါ ဆင်ဖြူတော်ကလေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူ ရောင်ဖြစ် ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခု စီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ်ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်သည်။
လေ့ကျင့် သင်ကြားပေးလျက်ရှိ
အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် နှစ်လ သားအရွယ် တွင် အရပ်အမြင့် နှစ်ပေ ခုနစ်လက်မခွဲ၊ ကိုယ်လုံး လုံးပတ် သုံးပေ ရှစ်လက်မ၊ ကိုယ်အလေးချိန် ၂၀၄ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်ကလေးမှာ ငယ်စဉ် ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမို ယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်