ဒက္ခိဏသီရိမြို့နယ်၌ သဘာဝမြေဆွေး၊ မြေဩဇာအချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေး

 

နေပြည်တော်  စက်တင်ဘာ   ၂၂


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု ဆည်စုကျေးရွာအတွင်းရှိ တောင်သူများအား သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေး ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

 


ရှေးဦးစွာ   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   ဦးစီးမှူး   ဦးမြင့်နိုင်က သင်တန်းပြုလုပ်ရသည့်  ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   ဝန်ထမ်းများက  သဘာဝ မြေဆွေးပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) အချိုးကျပေါင်းစပ်သုံးစွဲနည်းကို တောင်သူများအား သင်ကြားပေးပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

 


ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူများက သိရှိ လိုသည်များကို မေးမြန်းကြရာ  မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများက သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာစနစ်တကျ ပေါင်းစပ်ပုံ၊ သုံးစွဲရမည့်နည်းလမ်းများ၊ ရရှိမည့်အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အောင်ကိုကို(ပြန်/ဆက်)