ကလေးမြို့၌ စပါးခင်းများတွင်ကျရောက်နိုင်သော ပိုးမွှားအန္တရာယ်မှ ကာကွယ်နှိမ်နင်းနိုင်ရန် ပိုးသတ်ဆေးများထောက်ပံ့ပေးအပ်

 

ကလေး    စက်တင်ဘာ    ၂၁


စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်၌ စပါးမျိုးကောင်းမျိုးသန့် များ  ရရှိစေရန်နှင့် စိုက်ပျိုးပြီးသော စိုက်ခင်းများကို ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများ အချိန်ကိုက် အချိုးညီမျှစွာ  သုံးစွဲတတ်စေရန် နည်းပညာပေးခြင်းများ   ဆောင် ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က    ကျောင်းတိုက်စံပြကျေးရွာ အုပ်စု  ကွင်းအမှတ် (၈၃၀) တွင် ပိုးသတ်ဆေးများ     ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပသည်။

 


ရှေးဦးစွာ     ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ     ဦးစီး မှူး  ဦးအောင်နှင့်  မြို့နယ်စိုက်ပျိုး ရေး   ဦးစီးဌာနမှ        ဦးစီးမှူး ဦးနိုင်ထွန်းဝင်းတို့က    တောင်သူ များအား    မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး   ထုတ်လုပ်နိုင်စေရန်၊ စိုက်ပျိုးမြေသုံးစွဲနည်း၊ သဘာပိုးသတ်ဆေးရည်ပြုလုပ်သုံးစွဲနည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းသော        လယ်ယာထုတ်ကုန်များ     စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆွေးနွေးသည်။ 

 


ထို့နောက် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်    စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုးကျလယ်ပိုင် ရှင်  တောင်သူများထံ   စစ်ကိုင်း တိုင်းဒေသကြီး    အစိုးရအဖွဲ့က ထောက်ပံ့သော ပိုးသတ်ဆေးများ ကို ပေးအပ်သည်။
ကလေးမြို့နယ်၌   မိုးစပါး စိုက်ဧကပေါင်း ၁၂၆၄၁၂ ဧကရှိရာ ပိုးကျဧကပေါင်း    ၆၀၆   ဧက ရှိကြောင်း သိရသည်။ 


မြို့နယ်(ပြန်/ဆက်)