
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၂၁
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလ အတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ အာဆီယံ+၃၊ အရှေ့အာရှ(EAS)၊ ဟောင်ကောင် (တရုတ်) (HKC)၊ ကနေဒါ၊ ဂျပန်၊ အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန်စီးပွားရေးဝန်ကြီးများ အစည်းအဝေးများ၊ ပထမအကြိမ် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးများ အစည်း အဝေးနှင့် (၁၄)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် ဆွေးနွေးခဲ့သည်။
အစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak နှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများ မှ စီးပွားရေးဝန်ကြီးများက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြသည်။
ပြန်လည်ဖွဲ့စည်းခဲ့
(၁၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြန် လည်သုံးသပ်ခြင်းအတွက် နယ်ပယ်များသတ်မှတ် သည့် စာတမ်းကို အတည်ပြုခဲ့ပြီး အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
(၁၁) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည် ဖော်မှုနှင့် အာဆီယံနှင့်ယူရေးရှားစီးပွားရေး ကော်မရှင်တို့အကြား ချုပ်ဆိုထားသည့် နားလည်မှု စာချွန်လွှာကို အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ဖြစ်ပေါ်တိုးတက် မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။
(၁၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွား ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု၊ အာဆီယံ - ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ခြင်း အတွက် ပူးတွဲလေ့လာမှု၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှု သုတေသနဆောင်ရွက်မှုနှင့် အာဆီယံ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ သည်။
လုပ်ငန်းအစီအစဉ်တို့ကို အတည်ပြု
(၁၄) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် စီအယ်လ်အမ်ဗွီအဆင့် မြင့် စီးပွားရေးအရာရှိများ၏ အစီရင်ခံစာနှင့် စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ၏ အကောင်အထည်ဖော်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ ကြပြီး စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက်များအတွက် လမ်းညွှန်မူ၊ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) နှင့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်တို့ကို အတည်ပြုခဲ့သည်။
ပူးတွဲကြေညာချက်တို့ကိုအတည်ပြု
(၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည် ဖော်မှု အခြေအနေအပေါ် ဆွေးနွေးခဲ့ကြပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေး အတွက် နယ်ပယ်များနှင့် စပ်လျဉ်းသည့် ပူးတွဲဖြစ်နိုင် ခြေ လေ့လာဆန်းစစ်မှု အစီရင်ခံစာနှင့် ကိုဗစ် -၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ထူထောင်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်တို့ကို အတည်ပြုခဲ့ကြောင်း၊ ထို့ပြင် အာဆီယံ-တရုတ်ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် လုပ်ငန်း စီမံချက် (၂၀၂၂-၂၀၂၆) အပေါ် ဆွေးနွေးခဲ့သည်။
(၂၅) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး (ASEAN+3) (တရုတ်၊ ဂျပန်၊ ကိုရီးယား) စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအပေါင်း သုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီ အစဉ် (၂၀၂၁-၂၀၂၂) အကောင်အထည်ဖော်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ လျော့နည်းစေရေး အာဆီယံအပေါင်းသုံး လုပ်ငန်း စီမံချက်တို့၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့ပြီး အာဆီယံအပေါင်းသုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၄) ကို အတည်ပြုခဲ့သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
(၁၀)ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီး များ အစည်းအဝေး(EAS) တွင် (၁၂) ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးများ ညီလာခံ၏ ရလဒ်များ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေး စိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများကို လျော့ပါးစေရန် အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် ဆောင်ရွက်ရန် နည်းလမ်းများအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် “ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ပေါင်းစည်းမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ကိုဗစ်ကာလအလွန် အရှေ့အာရှ ဒေသ” ခေါင်းစဉ်ဖြင့် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွား ရေးသုတေသနအဖွဲ့က ပြုစုတင်သွင်းသည့် စာတမ်း ကို မှတ်တမ်းတင်ခဲ့သည်။
(၆) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်နှင့် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံ မှု သဘောတူစာချုပ်တို့ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို အသုံးပြု၍ ကုန်သွယ်ရေးယှဉ်ပြိုင်မှုများ တိုးမြင့်လာစေရေး စီးပွားရေးလမ်းညွှန် စာအုပ်ကို စတင်မိတ်ဆက်ခြင်း အပေါ် ကြိုဆိုခဲ့ကြသည်။
(၁၁) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွား ရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံ-ကနေ ဒါ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာချက် ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုအစီရင်ခံစာတို့အပေါ် ဆွေးနွေးခဲ့ ကြသည်။
ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
ပထမအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးများ အစည်းအဝေးတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်အကောင်အထည်ဖော် ခြင်းနှင့် အသုံးပြုခြင်းတို့မှရရှိသည့် အတွေ့အကြုံ များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးတွဲ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု၊ ပူးတွဲကော်မတီ ၏ လုပ်ငန်းအဖွဲ့ခွဲများ တည်ထောင်မှုနှင့် အတွင်းရေး မှူးချုပ်ရုံး တည်ထောင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
အဆိုပြုချက်အပေါ် ဆွေးနွေး
(၂၈) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ် အသက်ဝင်ခြင်းကို ကြိုဆိုခဲ့ပြီး အာဆီယံ-ဂျပန် မဟာဗျူဟာမြောက် ၁၀ နှစ်တာ လမ်းပြမြေပုံ၏ အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ-ဂျပန် နှစ်(၅၀) ပြည့် အထိမ်းအမှတ်အနေ ဖြင့် ဆောင်ရွက်မည့် အာဆီယံ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက်အပေါ် ဆွေးနွေးခဲ့ကြသည်။
(၁၈) ကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစီအစဉ် (၂၀၂၂-၂၀၂၃) ကို အတည်ပြုခဲ့ပြီး အာဆီယံ-အီးယူ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ချုပ်ဆိုမည့် ရည်မှန်းချက်ကို ကာလရှည် ရည်မှန်း ချက်အဖြစ် သတ်မှတ်ပြီး ကာလတို ကာလလတ်တွင် ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် အခြားအစီအစဉ်များဖြင့် ဆောင်ရွက်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးများက အတည်ပြုခဲ့
အာဆီယံနှင့် အမေရိကန်စီးပွားရေးဝန်ကြီးများ ၏ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ ၂၀၂၁-၂၀၂၂ လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုအခြေ အနေကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ လုပ်ငန်း အစီအစဉ်ကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။
(၂၇) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင် ရာ သဘောတူစာချုပ်ကို အဆင့်မြှင့်တင်မည့် ဒုတိယ အခြေပြစာချုပ် ညှိနှိုင်းမှုအခြေအနေနှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ် မှုဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အထောက် အပံ့ ပြုရေး အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးများတွင် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံက အခြားအာဆီယံ နိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်မှုများ၊ ရှေ့ဆက် လက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်များ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေ ရေး ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ သည်။
ယခုအစည်းအဝေးများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များအကြား စီးပွားရေးဝန်ကြီးများ၏ ပထမဆုံး အကြိမ် မျက်နှာစုံညီ ကျင်းပသည့် အစည်းအဝေးများ ဖြစ်သည်။
ပါဝင်တက်ရောက်
အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်