
နေပြည်တော် စက်တင်ဘာ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ယနေ့ မွန်းလွဲ ၂ နာရီက ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ကို နေပြည်တော်ရှိနိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
ပူးပေါင်းဆောင်ရွက်သွားမည်
တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည် ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်ကိစ္စများကို ဆွေးနွေးခဲ့ကြ သည်။ အလားတူ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်း နှင့် ပတ်သက်၍ ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံ ပီသစွာဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ထို့ အတူ မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများအပေါ် အခြေခံ လျက် အာဆီယံနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ယူ ဆောင်ရွက်နေသည့် ကိစ္စများကို ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း ထည့်သွင်း ဆွေးနွေးသည်။
တိုက်တွန်းတားမြစ်ဆောင်ရွက်
ထို့ပြင် မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့ အစည်းများနှင့် တရားမဝင်အဖွဲ့ အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စအပေါ် မြန်မာ နိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။ ထိုကဲ့သို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့် ဆောင်ရွက်မှု မျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံ အသိုက်အဝန်းအတွင်းသို့ ယူ ဆောင်လာခြင်း မပြုရန်အတွက် လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် တိုက်တွန်းတားမြစ် ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
သတင်းစဉ်