ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   စက်တင်ဘာ    ၂၁


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ  ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရှိ မင်္ဂလာသီရိပတ္တာကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး    စစ်ကိုင်းမြို့နယ်ရှိ   မဟာ ခိုနန်း ပရိယတ္တိစာသင်တိုက်၊    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ပြဿဒ်ပရိယတ္တိစာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ဝါယာလက်ကျောင်းတိုက်၊      လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ထိန်ထိန်ဝင်းပရိယတ္တိ စာသင်တိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာ သုဝဏ္ဏကျောင်းတိုက်နှင့်    အင်းစိန်မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်တို့သို့ ဆွမ်းဆန် တော်များကို      လည်းကောင်း၊    စစ်ကိုင်း တိုင်းဒေသကြီး     မုံရွာမြို့နယ်ရှိ    စန်းမြ ရောင်ခြည်ကျောင်းတိုက်၊  မကွေးတိုင်းဒေသ ကြီး  ပခုက္ကူမြို့နယ်ရှိ  ရွှေသိမ်တော်ဓမ္မရိပ်သာ  ကျောင်းတိုက်၊      မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ   ပိဋကတ်ကျောင်းတိုက် (ဗားကရာ)နှင့် အောင်မြေသာစံမြို့နယ်ရှိ   နဂါး ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် လားရှိုး မြို့နယ်ရှိ        အေးချမ်းမြေ့ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး     ပုသိမ်မြို့နယ်ရှိ  ကျောက်ချောကျောင်းတိုက်တို့သို့       ဆန် ကြာဆံများကို   လည်းကောင်း   ဆရာတော်၊    သံဃာတော်များအား     တာဝန်ရှိသူများက သွားရောက်    ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်