ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၂၁


AHA Centre မှ တစ်ဆင့်ပေးအပ်မည့်   လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ကမ္ဘော ဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။  တွေ့ဆုံပွဲသို့   နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ကြသည်။

 


တွေ့ဆုံစဉ်    မြန်မာနိုင်ငံသို့ AHA Centre  မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးအတွက်  ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင် ရန်  မြန်မာနိုင်ငံမှ  အကောင်းဆုံးပံ့ပိုးသွားမည့်ကိစ္စနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများကို ပေးအပ်ရာတွင် မည်သူမျှချန်လှပ်မှု မရှိစေရေးမူဝါဒအပေါ် အခြေခံ၍ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရနှင့် ကမ္ဘောဒီးယားနိုင်ငံ အစိုးရတို့အကြား ပူးတွဲကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်