စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးအတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံ

 

နေပြည်တော်   စက်တင်ဘာ  ၂၀


စီးပွားရေးဖွံ့ဖြိုးမှုနှင့်       အလုပ် အကိုင်များ ဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်   လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ရေးတို့အတွက်       CMP လုပ်ငန်း    ရင်းနှီးမြှုပ်နှံသူများနှင့်  တွေ့ဆုံပွဲကို  ယမန်နေ့နံနက်ပိုင်း တွင်  ရန်ကုန်မြို့  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

 


တွေ့ဆုံပွဲတွင်  ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး  ဒေါက်တာ  ဝါဝါမောင်က  CMP ရင်းနှီးမြှုပ်နှံသူများ၏    လုပ်ငန်း များ   လွယ်ကူချောမွေ့စွာ   လည် ပတ်  ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်း    ဆောင်ရွက်ပေးရန် လိုအပ်သည့်  ကိစ္စရပ်များ၊   CMP စီးပွားရေး    လုပ်ငန်းစု    ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့အကြား     ပူးပေါင်း ဆောင်ရွက်မှု      မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်        စပ်လျဉ်း၍ ဆွေးနွေးရန် ပြောကြားပြီး တက် ရောက်လာသူများနှင့်      အပြန် အလှန် ဆွေးနွေးကြသည်။

 


ဆွေးနွေးမှုများအပေါ် ရင်းနှီး မြှုပ်နှံမှုနှင့်        နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွား  ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊    မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊            အလုပ်သမား ညွှန်ကြားရေး      ဦးစီးဌာနတို့မှ  တာဝန်ရှိသူများက   ပြန်လည် ဆွေးနွေးကြပြီး   ဒုတိယဝန်ကြီး   ဒေါက်တာ ဝါဝါမောင်က ညှိနှိုင်း ဆွေးနွေး၍  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 


တွေ့ဆုံပွဲသို့    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ တော်    ဗဟိုဘဏ်   ဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ       မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ   အတွင်းရေး မှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊    အလုပ် သမား      ညွှန်ကြားရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှု  လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊     မြန်မာနိုင်ငံ အထည်ချုပ်       လုပ်ငန်းရှင်များ အသင်းမှ    ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ် သူများအသင်းမှ ကိုယ်စားလှယ် များနှင့်    နိုင်ငံခြားသား    CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများ တက် ရောက်ကြောင်း သိရသည်။


သတင်းစဉ်