
နေပြည်တော် စက်တင်ဘာ ၂၀
“AHA Centre မှတစ်ဆင့်လှူဒါန်း မည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၁) ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးတည်ဆောင်ရွက်
အစည်းအဝေး၌ ကမ္ဘော ဒီးယားနိုင်ငံမှ ကျန်းမာရေး ဝန်ထမ်းနှင့် လုပ်အားပေးများ မြန်မာနိုင်ငံသို့ လာရောက်၍ ပူးတွဲကာကွယ်ဆေးထိုးနှံပေးရေးကိစ္စ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံသို့ (AHA Centre) မှတစ်ဆင့် ပိုမိုကျယ်ပြန့်သော အကူအညီများ ပေးအပ်ရေး အတွက် လိုအပ်ချက်ဆန်းစစ်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်ကိစ္စ စသည်တို့နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ကာကွယ်ဆေးထိုးနှံပေး ရေးနှင့် အကူအညီများကို ဖြန့်ဖြူး ရာတွင် ခွဲခြားမှုမရှိဘဲ အမှန် တကယ်လိုအပ်နေသည့် ပြည်သူ များထံသို့ရောက်ရှိရေး ဦးတည် ဆောင်ရွက်သွားရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
သတင်းစဉ်