
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ (က)ပါ တိုင်းရင်းသား လူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေး အရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများကို ပုံနှိပ်ဆောင်ရွက်ခဲ့သည့် ဦးစိုးသိန်း(သံလွင် ပုံနှိပ်တိုက်)၏ ပုံနှိပ်ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်နှင့် ရေးသားထုတ်ဝေဖော်ပြခဲ့သည့် ဦးလှသိန်း (ဉာဏ်ပညာအလင်းစာပေ) ၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်တို့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှစတင်၍ ရုပ်သိမ်းလိုက်သည်။ ယင်းပုံနှိပ် ခြင်းလုပ်ငန်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းတို့သည် မီဒီယာအမျိုးအစား တစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ပုံနှိပ်ဆောင်ရွက်ခြင်းနှင့် ရေးသား ထုတ်ဝေဆောင်ရွက်ခြင်းမပြုရန် ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန