
မင်းတုန်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးလျက်ရှိရာ မိုးလယ်နေကြာနှင့် ဆောင်းနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိုးဦးနေကြာစိုက်ခင်းများမှ ထွက်ရှိသော နေကြာမျိုးများကို တောင်သူများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပြန်လည်စုဆောင်း လျက်ရှိသည်။
စက်တင်ဘာ ၁၆ ရက်အထိ တောင်သူများ ထံတွင် ၆၅၈ ဒသမ၅ တင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စပ်မျိုးနေကြာ ၃၁၅ ကီလို နှင့် ဆင်းရွှေကြာ-၂တင်းပေါင်း ၁၂၀ စုဆောင်း ထားရှိပြီးဖြစ်ကာ နေကြာမျိုးစုဆောင်းရန် ကျေးရွာအုပ်စု ၁၄ အုပ်စု ကျန်ရှိသေးကြောင်း သိရသည်။
မင်းတုန်းမြို့နယ်၌ ယခုနှစ်တွင် မိုးဦး နေကြာသီးသန့်နှင့်သီးညှပ် ၁၄၅ ဧက စိုက်ပျိုး နိုင်ခဲ့ကာ မိုးလယ်နှင့်ဆောင်းတွင် နေကြာ သီးသန့်နှင့်သီးညှပ် ၇၀၅၃ ဧက စိုက်ပျိုးရန် လျာထားပြီး နေကြာမျိုးစေ့ ၁၂၇၁ ဒသမ ၅ တင်း လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်၍ လိုအပ်သော နေကြာမျိုးများ အတွက် မိုးဦးနေကြာစိုက်ခင်းများမှ ထွက်ရှိ သော တောင်သူများထံတွင် စုဆောင်းထားရှိ သည့် နေကြာမျိုးများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၌ စုဆောင်းထားရှိသည့် နေကြာ မျိုးများကို တောင်သူများအား ဖြန့်ဝေပေး မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)