၂၀၂၂ ခုနှစ် တပ်မတော်(ရေ)ဌာနချုပ် တပ်၊ စခန်း၊ ရေယာဉ်စုများ၌ ဒီရေတောပင် စိုက်ပျိုးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၇


ယနေ့အချိန်တွင်     ဒီရေတော များ ပြုန်းတီးပျက်စီးမှုများကြောင့် ကမ်းခြေ    ရေတိုက်စားမှုများ၊ မကြာခဏ  ရေလွှမ်းမိုးမှုများနှင့် ရေသယံဇာတ      ပျက်စီးမှုများ စသည့်  သဘာဝဘေးအန္တရာယ် များ ပိုမိုကြုံတွေ့လာရပါသည်။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကို    ကြိုတင် ကာကွယ်နိုင်ရန်၊    ကမ်းရိုးတန်း သဘာဝသယံဇာတ    ထိန်းသိမ်း ရေးအတွက်    အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ဒီရေတောပင် စိုက်ပျိုးပွဲအခမ်းအနားကို  အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုး တန်းဒေသ      တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက် တောင်တိုင်း      စစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် များရှိ သက်ဆိုင်ရာ  ရေတပ်စခန်း ဌာနချုပ်များနှင့်    စစ်ရေယာဉ်စု များ၌ ကျင်းပသည်။

 


အခမ်းအနား        များတွင် တပ်မတော်  (ရေ) မှ   အရာရှိ၊ စစ်သည်များက  သတ်မှတ်နေရာ အသီးသီးတွင်   ဒီရေတောပျိုးပင် များဖြစ်သော  လမုပင်၊   ဗြူးခြေ ထောက်ပင်၊ သမက်ပင်၊  ပရုန်းပင် နှင့် ဓနိပင် စုစုပေါင်းအပင် ၁၆၈၆၀ ကို  စိုက်ပျိုးခဲ့ကြပြီး ၂၀၂၂  ခုနှစ် အတွင်း    ဒီရေတောပင်စုစုပေါင်း အပင်    ၁၉၄၆၀   စိုက်ပျိုးနိုင်ခဲ့ ကြောင်း သိရသည်။      

သတင်းစဉ်