နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

ဥတ္တရသီရိ   စက်တင်ဘာ  ၁၇


ပြည်ထောင်စုနယ်မြေ    နေပြည် တော်      ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီ  အဖွဲ့ဝင် ဦးဇေယျာလင်း      အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ရှင်များနှင့်     တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီက ဥတ္တရသီရိ မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ        နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က   အမှာစကားပြောကြားပြီး နေပြည်တော်အသေးစား  စက်မှု လက်မှုလုပ်ငန်း        ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ နေပြည်တော်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူး        ဒေါ်ညွှန် ယဉ်ယဉ်နွယ်တို့က  ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

 


 ထို့နောက်     အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ရှင်များက  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်  လိုအပ်ချက် များကို   ဆွေးနွေးတင်ပြကြရာ    သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့်   နေပြည်တော်  ကောင်စီအဖွဲ့ဝင် တို့က  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

 


ဆက်လက်၍   နေပြည်တော် ကောင်စီအဖွဲ့ဝင် နှင့်     တာဝန်ရှိသူ များက            ဥတ္တရသီရိမြို့နယ် အတွင်းရှိ  Sky  Fruit သစ်သီးယို စက်ရုံသို့        သွားရောက်ပြီး  စက်ရုံလည်ပတ်မှု အခြေအနေများ ကိုလည်း             ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။


ကျော်စွာဟိန်း(ပြန်/ဆက်)