
နေပြည်တော် စက်တင်ဘာ ၁၇
ကရင်ပြည်နယ် ဘားအံမြို့ မြို့နယ်လူမှုဖူလုံရေးရုံးမှ ရန်ကုန်မြို့ အလုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Guiding Star Group Co.,ltd မှ အာမခံအလုပ်သမား ဦးစိုးနိုင်ဦး ၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုကို အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့က ဘားအံ မြို့နယ် လူမှုဖူလုံရေးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဖူလုံရေး တာဝန်ခံအရာရှိ ဒေါ်စုစုမော် က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မိတ်ဖက်ဌာနများနှင့် အလုပ်သမားရေးရာ ညှိနှိုင်း ရေးကော်မတီ (WCC) အဖွဲ့ဝင်များ ရှေ့မှောက် ၌ ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ငွေကျပ် သိန်းခြောက်ဆယ်အား ကျန်ရစ်သူ၏ ဇနီး ဒေါ်သီရိအောင်ထံ ထုတ်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်