ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှု ကြည့်ရှုအားပေး

 

စစ်တွေ   စက်တင်ဘာ  ၁၇


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်          ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက်က စစ်တွေမြို့ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)   ရေတပ်ကျောင်း၌   ကျောင်းသား ကျောင်းသူများအား    ကိုဗစ်-၁၉   ကာကွယ်ဆေး အပိုဆောင်း(Booster Dose)        ထိုးနှံနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  စစ်တွေမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)    ရေတပ် ကျောင်း၌ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ   ခြောက်လနှင့်အထက်ရှိသော  အသက် ၁၂ နှစ်နှင့်အထက်        အခြေခံပညာအလယ်တန်းနှင့် အထက်တန်း   ကျောင်းသား   ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

 


ထိုသို့     လှည့်လည်ကြည့်ရှုစဉ်    ပြည်နယ် ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများက  ကျောင်းသား မိဘများ၊    ကျောင်းသား      ကျောင်းသူများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံခြင်း၊ အပိုဆောင်းထိုးနှံခြင်းဖြင့် ရောဂါ ဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်မည့် အခြေအနေ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့သားသမီး၊   တပည့်များ၏ပညာရေး   အခွင့် အလမ်းအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး ရမည့် အခြေအနေများကို   ရှင်းလင်းပြောကြားသည်။

 


ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး    အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ  ခြောက်လပြည့်ပြီးသော   အသက် ၁၂ နှစ်မှ ၁၈   နှစ်အတွင်းရှိ     အခြေခံပညာ  ကျောင်းသား ကျောင်းသူများအား   အပိုဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရန်ရည်မှန်း ကျောင်းသား ကျောင်းသူ ၁၄၀၂၇၈ ဦးရှိပြီး   စက်တင်ဘာ  ၁၄  ရက်အထိ  ၇၉၅၀၉ ဦး ထိုးနှံပြီးဖြစ်ကြောင်း   ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။                          

 

တင်ထွန်း(ပြန်/ဆက်)