(၁၉) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   စက်တင်ဘာ  ၁၆


(၁၉) ကြိမ်မြောက်  တရုတ် - အာဆီယံ  ကုန်စည်ပြပွဲနှင့်  စီပွားရေးနှင့်  ရင်းနှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ ယနေ့တွင် Hybrid စနစ်ဖြင့် ကျင်းပရာ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက  ဗီဒီယိုအမှာစကား ပေးပို့ပြောကြားသည်။

 


ဖွင့်ပွဲအခမ်းအနားသို့  တရုတ် ပြည်သူ့သမ္မတနိုင်ငံ     ဒုတိယ ဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံ အခြေစိုက်   အာဆီယံနိုင်ငံများမှ       သံအမတ်ကြီးများ၊    ကောင်စစ် ဝန်ချုပ်များနှင့် အာဆီယံ-တရုတ် ကုန်သည်လုပ်ငန်းရှင်များ   တက် ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ အစိုးရအကြီးအကဲများ၊   ဒုတိယ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကလည်း  ဗီဒီယိုအမှာစကားများ ပေးပို့ပြောကြားခဲ့သည်။

 


ယခုပြုလုပ်သည့်  (၁၉) ကြိမ် မြောက်   တရုတ်  -  အာဆီယံ ကုန်စည်ပြပွဲကို    ၂၀၂၂   ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိ    ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်   မြန်မာ အမျိုးသားပြခန်းဆောင်နှင့် ဒေသ တွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) နိုင်ငံများ ပြခန်းဧရိယာတွင်    မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းများ ပါဝင်ပြသ လျက်ရှိသည့်အပြင် မြန်မာ့ပို့ကုန် ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရန် အတွက်   ကုန်စည်ပြခန်းဆောင် တွင်   ကျောက်မျက်ရတနာများ၊ သစ်သား         ပရိဘောဂများ၊ လယ်ယာထွက်ကုန်  ပစ္စည်းများ နှင့်  စားသောက်ကုန်ပစ္စည်းများ စသည့်   ကုန်စည်ပြခန်းများကို ပြခန်း   ၃၀   ပါဝင်ပြသလျက် ရှိကြောင်း သိရသည်။  

သတင်းစဉ်